သတ်ဖြတ် လက်စဖျောက်ခံရတဲ့ ဆော်ဒီသတင်းထောက် ဂျမဲလ် ခါရွှန်းအီနဲ့ စေ့စပ်ထားတဲ့ အမျိုးသမီး ဟာတစ် ဂျိမ်းဂစ်ဇ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အောက်တိုဘာ ၂၉ ရက်မှာ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
သတင်းထောက် အသတ်ခံရမှုကို ထရမ့်ရဲ့ တုံ့ပြန်ပုံအပေါ် ဝေဖန်လိုက်တာဖြစ်ပြီး အမှန်တရားအတွက် အမေရိကန်ရဲ့ ကုန်သွယ်ရေး အကျိုးအမြတ်ကို ဘေးဖယ်ထားဖို့ သူက ထရမ့်ကို လန်ဒန်ခရီးစဉ်မှာ တိုက်တွန်းပါတယ်။
ခါရွှန်းအီကိုသတ်ဖို့ အမိန့်ပေးသူကို တရားစီရင်နိုင်ရေး အသေးစိတ် ထုတ်ပြောဖို့ကိုလည်း ဆော်ဒီအစိုးရကို တောင်းဆိုပါတယ်။
ခါရွှန်းအီဟာ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး ဆော်ဒီအိမ်ရှေ့စံကို ဝေဖန်သူခဲ့သူလည်း ဖြစ်ပါတယ်။
သူသေဆုံးမှုကို ကမ္ဘာတဝန်း ဝေဖန်ရှုတ်ချခဲ့ကြသလို ဆော်ဒီအစိုးရအတွက် အကျပ်အတည်း ဆိုက်ခဲ့ပါတယ်။
ထရမ့်ကတော့ ခါရွှန်းအီအရေးနဲ့ ပတ်သက်ပြီး ဆော်ဒီခေါင်းဆောင်တွေကို ဝေဖန်ရာမှာ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်လို့ မီဒီယာတွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀ ဖိုး လက်နက်ဝယ်ဖို့ အမှာစာကို အန္တရာယ်မပေးချင်ဘူး၊ ဒီအရောင်းအဝယ်ဟာ အမေရိကန်မှာ အလုပ်အကိုင် ၅ သိန်းကို ဖန်တီးပေးလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ပညာရှင်တွေကတော့ အလုပ်အကိုင် အရေအတွက်က ချဲ့ကားလွန်းတယ်လို့ ထောက်ပြပါတယ်။
ထရမ့်ရဲ့ ချဉ်းကပ်ပုံကို စိတ်ပျက်တယ်၊ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကို စိတ်ပျက်မိတယ်လို့လည်း ဟာတစ်က ပြောပါတယ်။
DVB







0 comments:
Post a Comment