၂၁ရာစုပင်လုံညီလာခံမှသဘောတူညီချက်ရရှိထားသည့်မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမူဝါဒသဘောတူညီချက်များအားရေရှည်လုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကပြောသည်။
“အခြားမြေယာစီမံခန့်ခွဲရေးကိစ္စရပ်များဆောင်ရွက်တဲ့နေရာနမှာ ၂၁ ရာစုပင်လုံညီလာခံက ထွက်ပေါ်လာတဲ့ မူဝါဒသဘောတူညီမှုများကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ရေးဟာလည်း အရေးကြီးတဲ့ရေရှည်လုပ်ငန်းစဉ်တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်သွားဖို့လိုအပ်မှာဖြစ်ပါတယ်”ဟု ဦးဟင်နရီဗန်ထီးယူကပြောသည်။
ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ပြုလုပ်သည့် အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ် အခမ်းအနားမိန့်ခွန်းတွင် ဒုတိယသမ္မမှ အထက်ါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမူဝါဒသဘောတူညီချက်များအား ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ၁၀ ချက်၊ တတိယအစည်းအဝေးတွင် ၂ ချက်အတည်ပြုထားခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင်လုပ်ကွက်ငယ်တောင်သူများနှင့်မြေယာမဲ့ပြည်သူများအတွက်မြေအသုံးချမှုနှင့်လုပ်ပိုင်ခွင့်ခိုင်မာမှုကိစ္စများအတွက်လည်း ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်သည့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာတွင် ပင်မလုပ်ငန်းစဉ် ၁၄ ခု ချမှတ်ဆောင်ရွက်သွားရန်လျာထားကြောင်းလည်း ဒုတိယသမ္မတကပြောသည်။
ထို့အတူမြေယာနှင့်ပတ်သက်၍ စိန်ခေါ်မှုများရှိနေသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ဆက်စပ်နေသည့် လက်ရှိဥပဒေအား လွှမ်းခြုံနိုင်သည့် အမျိုးသားမြေဥပဒေတစ်ရပ်ရေးဆွဲပြဌာန်းပေးရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
အမျိုးသားမြေအသုံးချမှုမူဝါဒအား အများပြည်သူပါဝင်မှုနှင့်ရေးဆွဲခဲ့ရာ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့( FAO)ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေတိုးပွားလာမှုများကြောင့် မြေဆီလွှာယိုယွင်းပျက်စီးမှုသည် ၂၀၂၀ ခုနှစ်တွင် လူတစ်ဦးအတွက် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာသည် (၀ ဒသမ ၁၈) ဟက်တာခန့်သာ ရှိတော့မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကို အောက်တိုဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းဖိုရမ်သို့ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ၀န်ကြီးချုပ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
The Fifth Wave News







0 comments:
Post a Comment