Wednesday, October 3, 2018

နစ်မြုပ်နေသည့် ပိုင်ရှင်မဲ့သင်္ဘောပျက်ကို ဆွဲယူရာတွင် မူလသတ်မှတ်ရက်ထက် အချိန်ပိုကြာနိုင်ဟုဆို


မန်မာ့ရေပိုင်နက်ထဲ တွင် နစ်မြုပ်နေသည့် ပိုင်ရှင်မဲ့ သင်္ဘောပျက်ကို ဆွဲသင်္ဘောကုမ္ပ ဏီက တာဝန်ခံဆယ်ယူရမည်ဖြစ် ပြီး မူလဆွဲယူရန်သတ်မှတ်ရက် ထက်အချိန်ပိုကြာနိုင်ကြောင်း ရေ ကြောင်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်က ဆွဲသင်္ဘော Independence ဖြင့် ဆွဲယူလာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သံရည်ကျိုရန်ပို့ဆောင် မည့် သင်္ဘောပျက်ကြီးသည် ရာသီဥတု ချွတ်ယွင်းမှုကြောင့် မြန်မာ့ရေ ပိုင်နက်သုံးခွမြို့နယ် သမစိတ္တ ကျေးရွာအနီးသို့ အာဏာပိုင်များ မသိဘဲ ရောက်ရှိခဲ့သည်။ 

အဆိုပါ သင်္ဘောပျက်သည် စက်တင်ဘာ ၃၀ ရက်ကစ၍ သင်္ဘောအနောက်ခြမ်းစတင် နစ်မြုပ်နေသည်။ 

ဒီရေတက်ချိန်နှင့် ကြုံနေပြီး သင်္ဘောသည် အနောက်ပိုင်းရေစိမ့် နေသောကြောင့် နစ်မြုပ်နေခြင်း ဖြစ်သည်ဟု ရေကြောင်းဦးစီးဌာန အောက်မြန်မာပြည်ရုံးခွဲများ ညွှန် ကြားရေးမှူး ဦးစိုင်းမျိုးတင့်က ပြောသည်။ နစ်မြုပ်နေသည့် သင်္ဘောကို မူလဆွဲလာသည့် ဆွဲသင်္ဘော Independenceက တာဝန်ခံဆွဲ ယူရမည်ဖြစ်ပြီး ရေပိုင်နက် ထိ ခိုက်မှုများရှိပါက လျော်ကြေး ထပ်မံတောင်းဆိုမည်ဟု ၎င်းက ဆိုသည်။ 

‘‘အစကတည်းက ပြန်ဆွဲယူ ဖို့၊ ဖြေရှင်းဖို့ ပြောထားပြီးသား။ ညှိနှိုင်းနေတဲ့အချိန်မှာပဲ ဒီရေအ တက်ကြောင့် မြုပ်သွားတာ’’ဟု ဦးစိုင်းမျိုးတင့်က ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ ဆွဲသင်္ဘော Independence ၏ ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်မရခဲ့ ပေ။ ရေကြောင်းဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ဦးသောင်းကြိုင် က အဆိုပါ သင်္ဘောနစ်မြုပ်နေ သော ရေပိုင်နက်သည် မြန်မာ့ငါးဖမ်းသင်္ဘောများ ငါးဖမ်းဆီးနေ သည့် နေရာဖြစ်၍ အမြန်ဆုံးဖယ် ရှားရန် လိုအပ်ကြောင်း ပြောကြားထားသည်။

7Day



No comments:

Post a Comment