S-300 လေကြောင်းရန်ကာစနစ်ကို ရုရှက ဆီးရီးယားစစ်တပ်ဆီ ပေးပို့ပြီဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုရှစစ်လေယာဉ်ကို ဆီးရီးယားရဲ့ ဆိုဗီယက်ခေတ်ဒုံးကျည်နဲ့ မှားယွင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ လုံခြုံရေးလုပ်ငန်းစဉ်သစ်အနေနဲ့ ခုလိုပေးပို့တာပဲ ဖြစ်ပါတယ်။
ဒုံးလွှတ်စင်လေးခုအပါအဝင် S-300 စနစ်ကို အောက်တိုဘာ ၁ ရက်က အပြီးပေးပို့ခဲ့ကြောင်း ရုရှလုံခြုံရေးကောင်စီအစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ဆာဂျေးဆွိုင်ဂူက ပြောပါတယ်။
စစ်မှုထမ်း ၁၅ ဦးပါ ရုရှစစ်လေယာဉ်ကို ဆီးရီးယားစစ်တပ်ရဲ့ S-200 လေကြောင်းရန်ကာစနစ်က မှားယွင်းပစ်ချခံရပြီးနောက် ဆီးရီးယားမှာ လုံခြုံရေးမြှင့်တင်ဖို့ S-300 စနစ်ကို ပေးပို့မှာဖြစ်ကြောင်း ရုရှက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာထားတာလဲ ဖြစ်ပါတယ်။
ခုလို ရုရှလေယာဉ် ပစ်ချခံရတာဟာ အစ္စရေးရဲ့ လေကြောင်းစီးနင်းတိုက်ခိုက်မှုအတွင်းမှာ ဖြစ်ပြီး အစ္စရေးစစ်လေယာဉ်က ရုရှလေယာဉ်ကို အကာအကွယ်ယူပျံသန်းတာကြောင့် ဆီးရီးယားရဲ့ S-200 ဒုံးစနစ်က မှားယွင်းပစ်ချမိတာ ဖြစ်တယ်လို့ ရုရှက အစ္စရေးကို အပြစ်ဆိုထားပါတယ်။
mizzima

No comments:
Post a Comment