ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ နေရာငါးခုတွင် တရားမဝင်မြန်မာလုပ်သား ၃၀၀ ကျော်ကို ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံအရာရှိ ဦးအောင်ခင်မြင့်က ပြောကြားသည်။
“ဒီနေ့မိတာ အလုပ်သမား ၃၀၀ ကျော်မိတယ်။ အထောက်အထားမဲ့တွေကို ထိုင်းရဲဖမ်းဆီးရမိတာ ကျွန်တော်တို့ဘက်ကို လွှဲပြောင်းပေးပါတယ်”ဟု ၎င်းက ဆိုသည်။
အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသမီး ၁၂၀၊ အမျိုးသား ၂၀၁ ဦးတွင် နေထိုင်ခွင့်သက်တမ်းကျော်လွန်သူများပါဝင်ကြောင်း ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် ပတ်သက်၍ မှုခင်းများ၊ တရားမဝင်ဝင်ရောက်သည့် အလုပ်သမားများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းနိုင်ငံလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ ထိုင်းရောက်မြန်မာအလုပ်သမားများကို အမျိုးသားလုံခြုံရေး စီမံချက်အရ စာရွက်စာတမ်းအထောက်အထား အပြည့်အစုံရှိသော်လည်း ဧည့်စာရင်းမတိုင်သူများကိုလည်း ဖမ်းဆီးအရေးယူနေကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူ ဦးစောမောင်က ဆိုသည်။
ထိုင်းနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများ အထောက်အထားပြုလုပ်ရန် ၂၀၁၇ ခုနှစ်မှ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက် အထိ သတ်မှတ်ကာလ ကုန်ဆုံးပြီးချိန်မှ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
The Voice






0 comments:
Post a Comment