ဘင်္ဂါလီတွေအနေနဲ့  မြန်မာနိုင်ငံကို ပြန်ဖို့ အရေးမှာ ၄င်းတို့ ဆန္ဒသဘောအရ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် အမ်ဒီ ရှာဟီဒူလ် ဟာကွေ က ပြောဆိုခဲ့ပါတယ်။ လာမယ့်နိုဝင်ဘာ ၁၅ ရက်နေ့ မှာ ကော့ဘဇားဒေသရှိ ဒုက္ခသည်တွေ ရခိုင်ပြည်နယ်သို့  ပထမအသုတ်အဖြစ် ပြန်မပို့ မီ ၄င်းက အခုလို ပြောဆိုခဲ့တာပါ။
ယခုကိစ္စဟာ ဘင်္ဂလားဒေ့ရှ်ရဲ့  ဆုံးဖြတ်ချက်မဟုတ်သလို မြန်မာရဲ့  ဆုံးဖြတ်ချက် လည်းမဟုတ်ပါကြောင်း ဘင်္ဂါလီတွေ ကိုယ်တိုင်ချမှတ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်ကြောင်း ၄င်းက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရရှိခဲ့တဲ့ ဘင်္ဂါလီတွေ စတင်ပြန်ပို့ ရေး အစီအမံနဲ့ ပတ်သက်လို့  ကုလသမဂ္ဂက စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။
ဘင်္ဂါလီအရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့  ပြဿနာတစ်ခုသဖွယ် မဖန်တီးကြဖို့ လည်း ဟာကွေ က ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့  သူတို့ ကို ကြိုဆိုလက်ခံခဲ့တယ်။ သူတို့ အတွက် လိုအပ်တာတွေ လုပ်ပေးခဲ့တယ်။ သူတို့ တွေ ကိုယ့်နိုင်ငံကိုယ် ပြန်ရမှာပါ။ ခင်ဗျားတို့ အနေနဲ့ ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်ရဲ့  ပြဿနာတစ်ခုလို မလုပ်ကြဖို့  ကျွန်တော် တောင်းဆိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။ မိမိတို့ သူတို့ အတွက် လုပ်ပေးနိုင်တာကတော့ နေစရာ အဆောက်အအုံတွေ ဖန်တီးဖို့ သာ ဖြစ်ကြောင်း ဒါကြောင့် သူတို့ တွေ ဆုံးဖြတ်ရမှာဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်နေ့ က ဒါကာမြို့ မှာ ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကုလသမဂ္ဂတို့ ဆွေးနွေးမှုအပြီး ဟာကွေ က ပြောဆိုခဲ့ပါတယ်။ ယင်း ဆွေးနွေးပွဲကို ကုလ သမဂ္ဂဋ္ဌာနေ ကိုယ်စားလှယ် မီယာဆက်ပိုနဲ့ UNHCR ရဲ့  ဒေသဆိုင်ရာတာဝန်ခံ ဂျိမ်းစ်လင့်ခ်ျတို့ လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအကြား ကွာဟမှုမရှိပါကြောင်းနဲ့ မိမိတို့ တွေ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဋ္ဌာနေကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။
ကိုလင်း(အကုန်သိ သတင်းဌာန)







0 comments:
Post a Comment