Friday, November 30, 2018

တာချီလိတ်တွင် ရွှေတြိဂံစကားဝိုင်း ကျင်းပမည်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီတွင် ရွှေတြိဂံစကားဝိုင်း (Talk Show) ကျင်းပ မည်ဖြစ်ကြောင်း အဆိုပါစကားဝိုင်းကို ဦးဆောင်ပြုလုပ်မည့် ရွှေတြိဂံဒေသသတင်းဌာန အယ်ဒီတာချုပ် ကိုထွန်း (မိုင်းဖြတ်) က ပြောကြားသည်။ 
အဆိုပါစကားဝိုင်း (Talk Show) တွင် မြန်မာ့နိုင်ငံရေးကို လေ့လာကျွမ်းကျင် သည့် ပညာရှင်များက “မြန်မာ့ငြိမ်းချမ်းရေး ၂၀၂၀ အမီ အောင်မြင်မည်လော” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက် နားထောင်ပြီး ပါဝင်ဆွေးနွေးနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ရွှေတြိဂံ စကားဝိုင်း၌ လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦး၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ ISP Myanmar ဒါရိုက်တာ ဦးမင်းဇင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးလှစော၊ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ D (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် မင်းကျော်ဇေယျာဦးနှင့် ရွှေတြိဂံဒေသသတင်းဌာနမှ ကိုထွန်း (မိုင်းဖြတ်) တို့ပါဝင် ဆွေးနွေးကြမည်ဖြစ်ကြောင်း ရွှေတြိဂံဒေသသတင်းဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment