ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အမျိုးသမီး ညီလာခံအကြို အမျိုးသမီး နှီးနှောဖလှယ်ပွဲကို ယနေ့ ဇမ္ဗူသီရိမြို့နယ်ရှိ ယင်းပါတီရုံးတွင် ကျင်းပရာ ပါတီဗဟိုအတိုင်ခံ သမ္မတရုံး ဝန်ကြီးဟောင်း ဦးသိန်းညွှန့်၊ ပါတီ အလုပ်မှုဆောင်အဖွဲ့ ဝင် နေပြည်တော် ပါတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်နှင့် ပါတီမှ အမျိုးသမီးတာဝန်ခံများ၊ အမျိုးသမီး ပါတီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်းဖြင့် စတင်ခဲ့ပြီး နေပြည်တော် ပါတီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်က အမှာစကား ပြောကြားခြင်း၊ ပါတီ အမျိုးသမီးတာဝန်ခံ တဦးက အမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ၏ အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယပိုင်းတွင် စာတမ်းများ ဖတ်ကြားခြင်း၊ အစုအဖွဲ့ လိုက် ဆွေးနွေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။






















0 comments:
Post a Comment