အကြောင်းအရာအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ တိုင်းအဆင့် ဧရာဝတီတိုင်းဒေသကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်ကို နိုဝင်ဘာလ (၇) ရက်မှ (၉)ရက်အထိ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှု အရပ်ဖက်အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးကော်မတီမှ ဦး ဆောင်ကော်မတီမှ သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အကြောင်းအရာအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲအကြို ဧရာဝတီတိုင်းဒေသကြီး ငြိမ်းချမ်းရေးဖော်ဆောင်မှု အရပ်ဖက်အဖွဲ့အစည်းများ၏ တိုင်းအဆင့် ငြိမ်းချမ်း ရေးဖိုရမ်တွင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်နှင့် လပွတ္တာခရိုင်စသော ခရိုင် (၆) ခရိုင်ရှိမြို့ နယ်အသီးသီးမှ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသော အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်အပြီးတွင် မူဝါဒရေးရာ စာတမ်း (၂) ဆောင်ကို အပြီးသတ်ထွက်ရှိရေး ဆောင်းရွက်သွားမည်ဖြစ်ကာ၊ ထွက်ပေါ်လာ သော မူဝါဒရေးရာ စာတမ်းများအား ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်တွင်တင် သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ တိုင်းအဆင့် ငြိမ်းချမ်းရေး ဖိုရမ်တွေ လုပ်ခဲ့တာ ပြီးခဲ့တဲ့နှစ်အထိဆိုရင်နှစ်ကြိမ်ရှိပါပြီ။ အခုလုပ်မယ့် ဖိုရမ်နဲ့ဆို(၃) ကြိမ်မြောက် ပါ။ ဖိုရမ်တက်ရောက်တဲ့ သူတွေက ကျွန်တော်တို့ပေးထားတဲ့ ခေါင်းစဉ်အလိုက် စာတမ်းတွေ ပြုစုကြရပါတယ်။ UPDJC ချမှတ် ထားတဲ့ ခေါင်းစဉ်တွေဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍတွေဆွေးနွေးခွင့်ရ ပါတယ်။ အဲဒီအထဲကမှ ကျွန်တော်တို့ ဧရာဝတီတိုင်းအနေနဲ့ အရင်နှစ်တွေက လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုတဲ့ ကဏ္ဍတွေကို ဆွေးနွေးခွင့်ရပါတယ်။ ဖိုရမ်မှာ ကျွန်တော်တို့ တိုင်းရဲ့ဆွေးနွေးခွင့်ရတဲ့ မူဝါဒရေးရာ စာတမ်းတွေကို တ ခြားတိုင်းနဲ့ ပြည်နယ်တွေထက် အဆင့်မီတဲ့ စာတမ်းတွေအဖြစ်ထွက်ပေါ်နိုင်ရေးအတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။ အခက်အခဲ တွေကြောင့် အားလုံးပါဝင်နိုင်မှု ရရှိရေးအတွက်လည်း ကြိုးစားလုပ်ကိုင်လျက်ရှိပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ငြိမ်းချမ်း ရေး ဖော်ဆောင်မှု အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ဦးစိုးလှိုင်ဦးက ပြောသည်။
ယခင်နှစ်ကကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်တွင် ဧရာဝတီတိုင်းအနေဖြင့် လူမှုရေးကဏ္ဍဆိုင်ရာနှင့် စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒရေးရာ စာတမ်းများကို ဆွေးနွေးခဲ့ပြီး၊ ယခုနှစ် ဖိုရမ်တွင် မြေယာကဏ္ဍဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာတမ်းများ ထွက်ရှိနိုင်ရေး အတွက် ပြင်ဆင်ထားလျက်ရှိပြီး၊ ဧရာဝတီတိုင်းအနေဖြင့် ဆွေးနွေးခွင့်မရရှိသော အခြားသော ကဏ္ဍများတွင်လည်း ဆွေးနွေး နိုင်မည့်နည်းလမ်းများ ရရှိရေးအတွက် ထပ်မံကြိုးစားလျက်ရှိကြောင်းလည်း သိရသည်။
ဒီဇင်ဘာလတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အကြောင်းအရာအလိုက် အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်တွင် ကယားပြည်နှင့် ချင်းပြည်နယ်တို့ မှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နေပြည်တော်ကောင်စီအပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၃) ခုမှ ကိုယ်စားပြု သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုအရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုးမိုး - ဖျာပုံ (အကုန်သိသတင်းဌာန)

No comments:
Post a Comment