ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီများ မိုင်းခွဲမှုကြောင့် လူနေရပ်ကွက်များအတွင်း မြေအက်ကွဲကြောင်းများ ဖြစ်ပေါ်လာရာ အန္တရာယ် မကြုံတွေ့မီ ကုမ္ပဏီများကို တားဆီးပေးရန် ဒေသခံများက ကချင်ပြည်နယ် အစိုးရထံ တောင်းဆိုသည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များနှင့် နီးကပ်စွာရှိနေ သော ဖားကန့်မြို့နယ် ဝှေခါကျေး ရွာအတွင်း သုံးနေရာတွင် မြေလွှာပြတ်ရွေ့များ ဖြစ်ပေါ်နေပြီး အခြေအနေပိုမိုဆိုးရွားမည့်အရေး ဒေသခံများက စိုးရိမ်နေသည်။
‘‘ကျွန်တော့်အိမ်က နောက် ကို ဖင်ထိုင်ကျသွားလို့ ဒေါက်နဲ့ ထောက်ထားရတယ်။ ရှေ့ကနေ ကြိုးနဲ့ဆွဲထားရတယ်။ တခြားနေ ရာသွားနေဖို့လည်း မလွယ်ဘူး’’ ဟု ဝှေခါမှော်တောင်း (၃)ရပ် ကွက်နေ ကိုနေမျိုးမောင်မောင်က ပြောသည်။
လက်ရှိတွင် နေအိမ် ၅၀ ခန့်မှ လူ ၁၅၀ ခန့်သည် မြေလွှာကွဲအက်မှုကြောင့် မြေပြိုမည့်အန္တရာယ်ရင်ဆိုင်နေရပြီး ကြီးမား သော ဘေးအန္တရာယ်မကြုံတွေ့မီ ပြည်နယ်အစိုးရအနေဖြင့် အာရုံစိုက်ဖြေရှင်းပေးရန် လိုအပ်သည်ဟု ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဦးရွှေသိန်းက ပြောသည်။ဦးရွှေသိန်းနှင့် ဒေသတွင်း အရပ်ဘက်အရေးဆောင်ရွက်သူများ၊ ဒေသခံများပါဝင်သော လူ ၅၀ ခန့်သည် အုပ်ချုပ်ရေးတာဝန်ရှိ သူများနှင့် နိုဝင်ဘာ ၂၇ ရက်တွင်တွေ့ဆုံ၍ အထက်ပါပြဿနာ ဖြေရှင်းပေးရေး တိုက်တွန်းခဲ့သည်။
‘‘ကုမ္ပဏီက ရွာမြေတွေ၊ ရပ် ကွက်တွေကို မရှောင်ဘဲ အင်မ တန်နက်တဲ့ ကျင်းတွေ တူးတယ်။ ပြင်းထန်တဲ့ မိုင်းတွေခွဲတယ်။ ရွာ မြေတွေက အန္တရာယ်ရှိတဲ့အခြေ အနေ ဖြစ်လာတယ်’’ဟု ဦးရွှေ သိန်းက ပြောသည်။
မြေလွှာအက်ကွဲရာမှ မြေပြို မှုဖြစ်ပွားသည့် ပြဿနာကို ယခင် နှစ်များကရင်ဆိုင်ခဲ့ရသော်လည်း ကုမ္ပဏီက လျော်ကြေးပေး ဖြေရှင်းခဲ့သည်။ ယခု ထပ်မံမပြိုရေး ဥပဒေအရ တားမြစ်ပေးရန် ဒေသခံများက လိုလားနေသည်။
‘‘ကျွန်တော်တို့အိမ်က အဲဒီ လိုပုံစံဖြစ်လာရင် နိမိတ်မကောင်း သလို ယူဆကြတယ်။ ဒါကိုပြန် ဆောက်ရမယ်ဆိုတော့ ပြင်ဆင် စရိတ်တွေက လိုလာပြီ။ ဒါတွေ ထပ်မဖြစ်အောင် တားဖို့လည်း လိုနေပါပြီ’’ ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကုမ္ပဏီများတွင် တရုတ် နှင့် ‘၀’ လူမျိုးများပိုင်ကုမ္ပဏီအ များစု ပါဝင်နေပြီး ယင်းကုမ္ပဏီ များကို ဆက်သွယ်မရပေ။ ကုမ္ပဏီများနှင့် ဒေသခံများအဆင်မ ပြေဖြစ်နေသော ဖားကန့်ဒေသသို့ ကချင်ပြည်နယ် လီဆူတိုင်းရင်း သား ရေးရာဝန်ကြီး ဦးအားတီယောဟန် ဦးဆောင်သော ပြည်နယ်အဆင့် အစိုးရအဖွဲ့ကနိုဝင်ဘာ ၁၀ ရက်မှ ၁၇ ရက်အတွင်း မြေပြင်ကွင်းဆင်းလေ့လာခဲ့သည်။ ကုမ္ပဏီများနှင့် ဆက်စပ်သော မြေပြင်အခြေအနေများကို ပြည်ထောင် စုအဆင့်သို့ တင်ပြထားပြီး လာမည့်တစ်ပတ်ခန့်အတွင်း ညွှန် ကြားချက် တစ်စုံတစ်ရာ ပြန်ကျ လာနိုင်ကြောင်း ဦးအားတီယော ဟန်က ပြောသည်။
7Day

No comments:
Post a Comment