Thursday, November 1, 2018

ဆေးတက္ကသိုလ်(၁)ရန်ကုန် ဝင်ခွင့်ရသူများ ဒီဇင်ဘာလ ၁၄ ရက်အထိ အကြောင်းမကြားပါက ၀င်ခွင့်စာရင်းမှ ပယ်ဖျယ်မည်



ဆေးတက္ကသိုလ် (၁) ရန်ကုန် ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်အထိ သတင်းပို့ခြင်း မရှိပါက ဝင်ခွင့်ရ စာရင်းမှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပထမနှစ်တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၁ ဦး ဝင်ခွင့်ရှိခဲ့ပြီး အမြင့် ဆုံး အမှတ် ၅၅၃ မှတ်ဖြစ်ပြီး အနိမ့်ဆုံးရမှတ်မှာ ၅၀၅ မှတ်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။ 

ဝင်ခွင့်ရကျောင်းသား ကျောင်းသူများအနေဖြင့် နိုဝင်ဘာလ ၁၉ ရက်မှစတင်ပြီး ဆေးတက္ကသိုလ် (၁) မော်ကွန်းထိန်းထံသို့ စာ ရင်း ပေးရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် အမှတ်စာရင်း မူရင်း၊ မှတ်ပုံတင်မူရင်းတို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။ 

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဓာတုဗေဒ၊ ရှုပဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်ပြီးနောက် ကျန်းမာရေး လူ့စွမ်းအားရင်းမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များ ဝင်ခွင့်ရသူများမှာ ဆေးတက္ကသိုလ်(၁)ရန်ကုန် ၃၅၁ ဦး၊ ဆေးတက္ကသိုလ် မန္တလေး ၃၀၇ ဦး၊ ဆေးတက္ကသိုလ်(၂) ရန်ကုန် ၂၉၉ ဦး၊ ဆေးတက္ကသိုလ် မကွေး ၁၉၈ ဦး၊ ဆေးတက္ကသိုလ် တောင်ကြီး ၄၂ ဦး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ရန်ကုန် ၉၉ ဦးနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မန္တလေး ၁၀၅ ဦးတို့ဖြစ်ကြောင်း သိရသည်။ 

ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းတို့ ဝင်ခွင့်ရသူများအနေဖြင့် ဆေးဝါးတက္ကသိုလ် ရန်ကုန်တွင် ၁၈၀ ဦး၊ ဆေးဝါးတက္ကသိုလ် မန္တလေး ၁၇၁ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ရန်ကုန် ၂၆၆ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် မန္တလေး၂၅၉ ဦး၊ သူနာပြုတက္ကသိုလ် ရန်ကုန် ၂၃၀ ဦး၊ သူနာပြု တက္ကသိုလ် မန္တလေး၂၇၁ ဦးနှင့် အခြေခံကျန်းမာ ရေး တက္ကသိုလ် မကွေး ၂၀၆ ဦးတို့ဖြစ်ကြောင်း သိရသည်။ 

ချမ်းငြိမ်း(အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment