နာမည်ကျော် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ နိုင်ငံအများအပြားက ဥပဒေပြု အမတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။
ကုမ္ပဏီဟာ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို အားနည်းစေတယ်လို့ ဥပဒေပြုအမတ်တွေက နိုဝင်ဘာ ၂၇ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။
ဒါ့အပြင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကိုယ်တိုင်လာရောက် ဖြေကြားခဲ့ခြင်းမရှိတဲ့ စီအီးအို မာ့ခ်ဇူကာဘတ်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၈၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို သုတေသန ကုမ္ပဏီတခုကနေ Cambridge Analytica ကုမ္ပဏီက ရယူခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ဗြိတိန် ဥပဒေပြုအမတ်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။
အဲဒီလို စုံစမ်းစစ်ဆေးရာမှာ ဇူကာဘတ်ကိုယ်စား လာရောက်ခဲ့တဲ့ ရစ်ချတ်အလန်က ဖေ့စ်ဘွတ်ခ်အနေနဲ့ အမှားတွေ ပြုလုပ်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် အီးယူ အချက်အလက် ကာကွယ်ရေး ဥပဒေကို လိုက်နာကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန်ပါလီမန် အပြင်ဘက်မှာလည်း ဇူကာဘတ်ပုံစံ သရုပ်ဖော် ဆန္ဒပြမှုကို အာဗက်ဇ်ဆိုတဲ့ လှုပ်ရှားမှုအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
DVB







0 comments:
Post a Comment