Wednesday, November 28, 2018

တရုတ်က ဗီယက်နမ်နှင့်နယ်စပ်တွင် အလိုအလျောက် အကောက်ခွန်ရှင်းလင်းရေးစနစ် စတင်


တရုတ်နိုင်ငံအတွင်း ပထမဆုံးအနေနဲ့ တရုတ်-ဗီယက်နမ်နယ်စပ်အနီး ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖျင်ရှန်းမြို့ ချစ်ကြည်ရေး နယ်စပ်ဝင်ပေါက်မှာ အလိုအလျောက် အပြည့်အဝအလုပ်လုပ်တဲ့ အကောက်ခွန်ရှင်းလင်းရေးစနစ်ကို တရားဝင်တပ်ဆင်ပြီး စတင် လုပ်ဆောင်ပါတယ်။ 
အကောက်ခွန်ကင်းရှင်းရေး လုပ်ငန်းစဉ်တခုလုံးကို ဖြတ်သန်းသွားရမယ့်အစား ဗီယက်နမ်နိုင်ငံဘက်က ကုန်ကားမောင်းသူတဦးဟာ သူ့လက်ဗွေရာကို မှတ်တမ်းတင်ဖို့သာ လိုအပ်ပြီး ငါးစက္ကန့် မကြာခင်မှာ ဝင်ပေါက်က အလိုအလျောက်ပွင့်ပြီး သူ့ကို သွားခွင့်ပေးမှာ ဖြစ်ပါတယ်။ 

Smart System ဟာ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်ကို စက္ကန့်ငါးဆယ်ထိ တိုသွားစေလို့ ဝင်ပေါက်က ယာဉ်ကြောစီးဆင်းမှုကို အကြီးအကျယ် အကူအညီ ပေးပါတယ်။ 

ဉာဏ်ရည်မြင့် အကောက်ခွန်စနစ်ကို ချစ်ကြည်ရေးဝင်ပေါက်မှာ တပ်ဆင်အပြီး ဖြတ်သွားတဲ့ ကားစီးရေဟာ ၁၁ဝဝ လောက်ကနေ ၁၈၀၀ ထိ မြင့်တက်သွားတယ်။ ဒါဟာ ကွမ်းရှီးပြည်နယ် နယ်စပ်ကုန်သွယ်ရေး ပမာဏကို အကြီးအကျယ် အထောက်အကူပြုတယ်။ နိုင်ငံအတွင်း နိုင်ငံတကာ ကုန်းကြောင်း ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်တယ်လို့ ကွမ်းရှီးဖျင်ရှန်း ဇုန်စီမံရေးကော်မတီ ဒုညွှန်မှူး ကျူးဟို့ယန်က ပြောပါတယ်။ 

ဒီစနစ်ကို နိုဝင်ဘာ ၂၄ ရက်က စပြီး မိတ်ဆက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment