Thursday, November 29, 2018

သမ္မတရုံးသတင်းအရ ဖြူးမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကျော် ဖမ်းမိ


သမ္မတရုံး သတင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မှာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကျော်နဲ့ ဆေးပြားရောင်းချသူကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

သမ္မတရုံးကရတဲ့သတင်းနဲ့ နယ်မြေမှာ စုံစမ်းတာတွေပြုလုပ်ပြီးမှ ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ပဲခူးတိုင်း မူးယစ်အထူးငယ်အဖွဲ့ ရဲအုပ်စိုင်းသီဟလင်းက ပြောပါတယ်။
“သမ္မတရုံးရဲ့ချပြသတင်းနဲ့ ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်လောက်ထဲက နယ်မြေမှာ စုံစမ်းပါတယ်။ အခုသေချာတဲ့အချိန်မှ ဝင်ဖမ်းတာပါ။ ဝင်ဖမ်းတဲ့အချိန်မှာတော့ သူတို့ရဲ့ ထုံးစံအတိုင်း ရပ်ကွက်လူကြီးပါလား၊ ဝရမ်းပါလားဆိုပြီး မေးမြန်တာတွေတော့ရှိတယ်။ ကျနော်တို့ ဘက်ကလည်း အကုန်အပြည့်အစုံလုပ်ပြီးမှ ဖမ်းတာပါ။ လက်ရှိဖမ်းမိတဲ့ သူကိုကတော့ ဖြူးစခန်း မှာ ချုပ်ထားပြီး စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။ အခုမိတဲ့သူက ရောင်းတဲ့သူပါ။ ဆေးပြားတွေကို လာဝယ်သူတွေကို ပေးနိုင်အောင် အထုပ်လေးတွေ လုပ်ထားတာကိုလည်း တွေ့ရပါတယ်”လို့ ပြောပါတယ်။
ဖြူးမြို့၄၅လမ်းရှိ ထော်ကြီး (ခ) ဖြိုးသူအောင်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၁၊ ဆေးခြောက် ၄ ဒသမ ၁၇ ဂရမ် လောက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေအပြင် မူးယစ်ဆေးဝါးရောင်းချရငွေ သိန်း ၃၀ ကျော်တို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တာပါ။
မူးယစ်ဆေးဖမ်းမိမှုနဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါးရောင်းချသူ ထော်ကြီး (ခ) ဖြိုးသူအောင်ကို ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ အမှုဖွင့်ထိန်းသိမ်းထားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း – ကျော်အောင်(ကညွတ်ကွင်း)
DVB

No comments:

Post a Comment