Thursday, November 29, 2018

ပြည်တွင်း ရွှေဈေး ထပ်ကျ၊ ဆက်ကျနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များ သုံးသပ်


အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးပတ်ကျော်အတွင်း ကျပ်တစ်သောင်းကျော် ကျဆင်းလျက်ရှိသောကြောင့် ယခု ရပ်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ 
“ကမ္ဘာ့ရွှေဈေးက တစ်ရက်အတွင်း ဒေါ်လာတစ်ဆယ်လောက်ကျသွားတဲ့အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်ပြီး ကျနေတာပါ။ ဒီရက်ပိုင်းမှာတော့ အနိမ့်ပိုင်းမှာပဲ ရှိနေမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောဆိုသည်။ 
ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေခြင်းအပြင် ပြည်တွင်း ဒေါ်လာဈေးမှာလည်း တည်ငြိမ်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အကျဘက်သို့သာ ဦးတည်နေကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က သုံးသပ်ပြောဆိုသည်။ 

ရွှေဈေးကဆင်းလျက်ရှိသော်လည်း ရွှေဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း ရွှေဘုံသာ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

နိုဝင်ဘာလ ၂ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၄၃၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၃၂ ဒေါ်လာနှင့် နိုဝင်ဘာလ ၂၈ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၀၂၉၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၁၂ ဒေါ်လာပေါက်ဈေးရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။ 
  
The Voice

No comments:

Post a Comment