Wednesday, November 28, 2018

စစ်ဆေးရုံ ပစ်ခတ်မှု အစီရင်ခံစာ အတုဖြစ်ဟု အမေရိကန်ရေတပ် အတည်ပြု


အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် အပြင်ဘက်က ဝေါလ်တာရိဒ် စစ်ဆေးရုံမှာ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ပစ်ခတ်သူရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေဟာ အတုသာဖြစ်တယ်၊ တကယ်က လေ့ကျင့်မှုတရပ်ပဲလို့ အမေရိကန်ရေတပ်က အတည်ပြုလိုက်ပါတယ်။ 
ပစ်ခတ်သူရှိနေနိုင်တယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုရအပြီး ဆေးရုံထဲက ဘေသက်စ်ဒါ စစ်တပ်အခြေစိုက်စခန်းမှာ ရဲတွေက အဆောာက်အဦ အနည်းဆုံးတလုံးကို ရှင်းလင်းခဲ့ပါတယ်။ 

အမေရိကန် အောက်လွှတ်တော်အမတ်တယောက် အပါအဝင် ဆေးရုံထဲက လူတွေက နေရာတခုမှာ မိနစ် ၃၀ အနည်းဆုံး ခိုအောင်းခဲ့ရပါတယ်။ 

“တခြားလူတွေကိုတော့ ကားတွေ အဆောက်အဦတွေရဲ့ အတွင်းမှာ အကာအကွယ်တွေကိုရှာဖို့ စစ်စခန်းက တိုက်တွန်းခဲ့ပါတယ်။ ကျနော် အခု ဝေါလ်တာရိဒ် ဆေးရုံမှာ ရှိနေတယ်။ ပစ်ခတ်သူရှိတယ်လို့ ပြောနေကြတယ်။ ကျနော် အခု ညီလာခံအခန်းထဲမှာ တခြားလူ အယောက် ၄၀ လောက်နဲ့အတူ ဘေးကင်းကင်းရှိနေတယ်” လို့ အမေရိကန် အောက်လွှတ်တော် အမတ် ဒတ်ခ်ျရပ်ပါစ်ဘာဂါက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။ 

အားလုံးရှင်းသွားပြီ၊ ပစ်ခတ်သူမရှိဘူးလို့ စစ်စခန်းက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ မွန်းလွဲ ၃ နာရီခွဲလောက်က ရေးပါတယ်။ 

ဒီစစ်ဆေးရုံဟာ အမေရိကန်နိုင်ငံအတွင်း အကြီးဆုံး ပူးတွဲစစ်ဆေးရုံ ဖြစ်ပြီး အမေရိကန် ရေတပ်နဲ့ ကြည်းတပ်က စစ်ပြန်တွေနဲ့ မိသားစုဝင်တွေကို အထူးပြု ကုသပေးပါတယ်။ နှစ်စဉ် ဆေးကုသမှုခံယူသူ အယောက် တသန်းကျော်ကို ပြုစုကုသပေးနေပါတယ်။

DVB

0 comments:

Post a Comment