ဘာရိန်း Bahrain နိုင်ငံသား - ဒုက္ခသည် ဘောလုံးသမားတဦး ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ နိုင်ငံရေးဖိအားတွေကြောင့် သြစတြေးလျကို ထွက်ပြေးခိုလှုံခဲ့တဲ့ ဘာရိန်းနိုင်ငံ အမျိုးသား ဘောလုံးအသင်းဝင်ဟောင်း Hakeem Alaraibi ဟာ ဘန်ကောက်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်တဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
အာရပ်နွေဦး တင်စားခဲ့ကြတဲ့ အာရပ်ကမ္ဘာက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေရဲ့ စေ့ဆော်မှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ဆန္ဒပြပွဲတွေကို - ၂၀၁၂ ခုနှစ်မှာ ဘာရိန်းအစိုးရက နှိမ်နင်းခဲ့တဲ့သူတွေထဲ သူလည်း ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာ ရဲစခန်းတခုကို ဖျက်ဆီးမှုစွဲချက်တွေနဲ့ မျက်ကွယ်မှာ အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့အပေါ် စွပ်စွဲခံရတဲ့အမှု ဖြစ်ပွားတဲ့အချိန်ဟာ သူ ဘောလုံးကစားနေတဲ့အချိန် ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဘောလုံးသမားဟောင်းကိုတော့ ၂၀၁၇ ခုနှစ်မှာပဲ သြစတြေးလျနိုင်ငံက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံခဲ့ပြီး၊ Pascoe Vale FC ကလပ်အသင်းမှာ ဘောလုံးကစားနေသူလည်း ဖြစ်ပါတယ်။
အင်္ဂါနေ့တုန်းကတော့ အားလပ်ရက်အပန်းဖြေထွက်ဖို့ ထိုင်းနိုင်ငံကိုအသွား သုဝဏ္ဏဘူမိလေဆိပ်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ Hakeem ကို နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ရဲ့ အလိုရှိသူစာရင်းမှာ သွင်းထားတဲ့အတွက် ထိန်းသိမ်းခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
RFA

No comments:
Post a Comment