တရားမျှတမှု လက်လှမ်းမီရရှိရေးအတွက် လမ်းပြ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို ရန်ကုန်မြို့မှာ Park Royal ဟိုတယ်မှာ နိုဝင်ဘာ ၂၈ ရက်က စတင်မိတ်ဆက် ရှင်းလင်းပါတယ်။
နည်းပညာနဲ့ အများပြည်သူတွေ တရားမျှတမှုကို လက်လှမ်းမီ အားဖြည့်ပေးနိုင်အောင် လမ်းပြ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကို My Justice နဲ့ Koe Koe Tech ကုမ္ပဏီတို့ ပူးပေါင်းပြီး ဥရောပသမဂ္ဂ ရန်ပုံငွေ အထောက်အပံ့နဲ့ ပြုလုပ်တာပါ။
လမ်းပြအက်ပလီကေးရှင်းဟာ ပြည်တွင်းဥပဒေနဲ့ အခြေခံ အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်သူလူထု ပိုမိုလက်လှမ်းမီဖို့ ဥပဒေနဲ့ပတ်သက်ပြီး အခက်အခဲ ကြုံတွေ့နေရသူတွေကို ရှေ့နေတွေနဲ့ ချိတ်ဆက်ပေးနိုင်ဖို့အတွက် ဖန်တီးထားတာဖြစ်တယ်လို့ My Justice ကပြောပါတယ်။
ဒါ့အပြင် အဲဒီ အက်ပလီကေးရှင်းထဲမှာ တရားရုံး ဥပဒေရုံးနဲ့ ရဲစခန်းတွေကို ဆက်သွယ်ဖို့ အချက်အလက်တွေ၊ ရှေ့နေတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ရှာဖွေနိုင်မယ့် လမ်းညွှန်ချက် အဆင့်အဆင့်တွေကို ထည့်သွင်းထားပါတယ်။
အမှုအခင်းတွေ ဖြစ်လာတဲ့အခါ ဘယ်ကို ဘယ်လိုတိုင်တန်းရမလဲ မသိတဲ့အခါ၊ ဘယ်လို လုပ်ဆောင်ရမလဲ မသိတဲ့အခါ၊ ဘယ်သူတွေဆီက အကူအညီတောင်းလို့ ရမလဲ မသိတဲ့အခါမှာ လမ်းပြ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းက လိုအပ်တဲ့သူတွေကို ကူညီ ထောက်ပံ့နိုင်တယ်လို့လည်း My Justice အဖွဲ့က ပြောပါတယ်။
လမ်းပြမိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်။ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ ရှေ့နေတွေ၊ ဥပဒေအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
DVB
ဘင်္ဂါလီများ လှေဖြင့်ထွက်ခွာရန်ကြိုးပမ်းမှု ပိုမိုများပြားလာဟု ကုလထုတ်ပြန်
ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ဘင်္ဂါလီများသည် ဘင်္ဂလား ပင်လယ်အော်ကို လှေဖြင့်ဖြတ်၍ထွက်ခွာရန် ကြိုးပမ်းမှုပိုမိုများပြားလာ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က နိုဝင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ)များသည် ခြောက်သွေ့ရာသီ ရောက်ရှိ လာသည်နှင့်အတူ ယင်းသို့ထွက်ခွာရန်ကြိုးပမ်းခြင်းဖြစ်ပြီး လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ထွက်ခွာရန်ကြိုးပမ်းသောလှေ အနည်းဆုံး နှစ်စီး ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယင်းလှေနှစ်စီးတွင် စုစုပေါင်းလူ ၂၀၀ တင်ဆောင်လာပြီး ၎င်းတို့ ရည်ရွယ်သည့် ခရီးဆုံးနေရာများသို့မရောက်ရှိဘဲ မြန်မာအာဏာပိုင်များ က ထိန်းသိမ်းခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။
ထို့အပြင် တတိယအကြိမ် လှေဖြင့်ထွက်ခွာမှုတွင် လိုက်ပါလာသည့်ခရီးသည်များကို ၎င်းတို့၏ လက်ရှိနေထိုင်ရာနေရာများသို့ ပြန်လည်ပို့ ဆောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်ကဆိုပြီး အဆိုပါ တတိယလှေတွင် ပါဝင်သည့် ခရီးသည်အရေအတွက်ကိုမူ ဖော်ပြခြင်း မရှိပေ။
သို့သော် လှေများတွင် လိုက်ပါလာသည့် ခရီးသည်များ၌ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများပါဝင်ပြီး အာဏာပိုင်များက စတင်ထွက်ခွာလာသည့် စစ်တွေနှင့် ပေါက်တောမြို့နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင် စခန်းများနှင့် ကျေးရွာများသို့ ၎င်းတို့ကို ပြန်လည်ပို့ဆောင်ခဲ့သည်။
အထက်ပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ထံ ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း မရခဲ့ပေ။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်တွင် ကျောက်တန်းမြို့နယ်အနီး ပင်လယ်ပြင်၌ ဘဂါင်္လီ ၁၀၆ ဦးပါသည့် စက်လှေတစ်စီးကို တပ်မတော်နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရေတပ်သင်္ဘောဖြင့် စစ်တွေသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ စစ်တွေမှတစ်ဆင့် ၎င်းတို့၏ နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့သည်။ အဆိုပါ ဘင်္ဂါလီ ၁၀၆ ဦးသည် မလေးရှား နိုင်ငံသို့ တရားမ၀င် သွားရောက်ရန် အောက်တိုဘာ ၁၂ ရက်တွင် ထွက်ခွာခဲ့သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်တွင် ဖော်ပြသည်။
7Day








0 comments:
Post a Comment