နိုင်ငံတော်လျိုဝှက်ချက်ဥပဒေဖြင့် ထောင် (၇) နှစ်ချမှတ်ခံရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အတွက် အယူခံကို ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ယနေနံနက်က တင်သွင်းလိုက်ကြောင်း သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။
“ဒီနေ့ တရားရုံးမှာ သတင်းထောက်နှစ်ယောက်အတွက် အယူခံတင်ခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။
အယူခံတွင် သတင်းထောက်နှစ်ယောက်တွင် အပြစ်မရှိဘဲ မှုလရုံးက မှားယွင်းစီရင်ဆုံးဖြတ်ခဲ့သည့် အချက်များကို တရားလွှတ်တော်က ဖော်ထုတ်တွေ့ရှိရန်မျော်လင့်ကြောင်း ဦးသန်းဇော်အောင်က ဆိုသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်းတရားရုံးး၏ ရာဇဝတ်ကြီးမှု အမှတ် ၄/၂၀၁၈ တွင် စက်တင်ဘာ ၃ ရက်နေ့က သတင်းထောက်နှစ်ဦး ချမှတ်လိုက်သည့် စီရင်ချက်အမိန့်ကို ကျေနပ်မှုမရှိသည့်အတွက် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ် ၆၄ အရ အယူခံတင်သွင်းခြင်းဖြစ်သည်။
The Voice







0 comments:
Post a Comment