နိုင်ငံဖြတ်ကျော်မှုခင်း အစည်းအဝေး၌ အတည်ပြုခြင်း လေးရပ်၊ ဆုံးဖြတ်ချက် နှစ်ရပ် ရရှိခဲ့ကြောင်း (၁၂)ကြိမ်မြောက် အာဆီယံ ၀န်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်း အဝေး (AMMTC: _ ASEAN Ministerial Meeting on Transnational Crime) သတင်းထုတ်ပြန်ပွဲတွင် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ရှင်းလင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ အတည်ပြုခြင်း လေးရပ်တွင် တတိယ နိုင်ငံများ ၌ ရောက်ရှိနေသော အာဆီယံအဖွဲ့ ဝင် နိုင်ငံသားများကို ၎င်းနိုင်ငံများရှိ အာဆီယံ အထူးအဖွဲ့ များက ကောင်စစ်ရေးရာ အကူအညီပေးရေး၊ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် 13th AMMTC အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရေး စသည့် အချက်များလည်း ပါဝင်သည်။
ထို့အတူ AMMTC ၏ ဆက်စပ်အစည်းအဝေးဖြစ်သော 9th AMMTC + 3 တွင်လည်း အတည်ပြုခြင်း သုံးရပ်၊ ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်မှု၊ Cyber မှုခင်း နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစီမံချက်များအား ဆက်လက် အကောင်အထည်ဖော်သွားရန်၊ Cyber စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၉ တွင် 10th AMMTC + 3 အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပရန် စသည့် အတည်ပြုချက်များ ပါဝင်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့သည်။
အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်များကို ASEAN Website နှင့် မြန်မာနိုင်ငံ၏ သတင်းဌာနများတွင် ဆက်လက် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သဘာပတိ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့သည်။
The Ladies News







0 comments:
Post a Comment