Thursday, November 29, 2018

ဇာဏ်ခီနဲ့တွဲမယ့် အဓိကမင်းသမီးအဖြစ် ပိုင်ဖြိုးသုကိုရွေးချယ်


ဒါရိုက်တာ ခရစ်(စ)တီး နားခီ ရိုက်ကူးမည့် Now and Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင် ဇာတ်ကား အဓိကသရုပ်ဆောင် များအဖြစ် ဇဏ်ခီနှင့် ပိုင်ဖြိုးသု တို့ ပါဝင်သရုပ်ဆောင်မည်ဖြစ် ကြောင်း ယင်းဇာတ်ကား၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကြေညာ ထားသည်။ 
အဓိကသရုပ်ဆောင် အမျိုး သမီးနေရာတွင် သရုပ်ဆောင် ပိုင်ဖြိုးသုဖြစ်နိုင်ကြောင်း ဒါရိုက် တာ ခရစ်(စ)တီးနားခီ ရိုက်ကူး ထားသည့် ရွှေစင်ကြော်ငြာထွက် လာချိန်၌ ပရိသတ်များက ခန့်မှန်း ထားသည်။ 

‘‘မခရစ်(စ)က အရမ်းတိကျ တယ်။ စည်းကမ်းလည်းကြီး တယ်။ သူလိုချင်တဲ့ကတ် မရ မချင်း ပြန်ရိုက်တယ်။ အက်တင် ကို အရမ်းအလေးထားတဲ့ ဒါရိုက် တာတစ်ယောက်ဆိုတာ သိလိုက် တယ်။ ကိုဇဏ်ကလည်း အက် တင်ကို အရမ်းရူးသွပ်တဲ့သူတစ် ယောက်ဆိုတာအဲဒီကြော်ငြာရိုက် တဲ့အချိန်မှာ သိလိုက်တယ်’’ဟု ရွှေစင်ကြော်ငြာရိုက်ကူးရေးနှင့် ပတ်သက်၍ ပိုင်ဖြိုးသုက ပြော သည်။ 

ထို့ကြောင့် ဇဏ်ခီ၊ ဒါရိုက် တာ ခရစ်(စ)တီးနားခီတို့နှင့် လက်တွဲ၍ အနုပညာအလုပ်လုပ်ခွင့်ရ ပါက လုပ်ကိုင်လိုကြောင်း ပိုင်ဖြိုး သုက ပြောကြားထားသည်။ 

Now and Ever (ထာဝရ နှောင်ကြိုး) ဇာတ်ကားအတွက် ရွေးချယ်ထားသည့် သရုပ်ဆောင် များကို နိုဝင်ဘာလဆန်းကစတင် မိတ်ဆက်ပြီး ဇဏ်ခီ၊ မင်းညို၊ ရဲနောင်ချို၊ ပိုင်ဖြိုးသု၊ ဂျူဂျူး ကေနှင့် ဇူးဇူးဟန်နီထွေးတို့ကို ရွေးချယ်ထားကြောင်း ကြေညာခဲ့ သည်။ 

ယင်းဇာတ်ကားတွင် ဇာတ် ကောင်ရှစ်ဦးအထိ ပါဝင်မည်ဖြစ် ပြီး လက်ရှိအထိ ခြောက်ဦးကြေ ညာထားကာ ဇာတ်ကောင်နှစ်နေ ရာအတွက် ဝါရင့်သရုပ်ဆောင် များကို ကမ်းလှမ်းထားကြောင်း ဒါရိုက်တာ ခရစ်(စ)တီးနားခီက ပြောကြားသည်။ 

Central Base ရုပ်ရှင်ထုတ် လုပ်ရေးအနေဖြင့် Now and Ever အပါအဝင် ၂၀၁၈ နှင့် ၂၀၁၉အတွင်း ရိုက်ကူးမည့် ဇာတ်ကား များနှင့် ဇာတ်လမ်းတွဲများအတွက် သရုပ်ဆောင်သစ်များ ခေါ်ယူခဲ့ ပြီး ဝင်ရောက်လျှောက်ထားသူ ၂,၀၀၀ ကျော်ရှိသည်။


7Day

No comments:

Post a Comment