မန္တလေးတိုင်း ပုဂံညောင်ဦးရှိ သရပါဟိုတယ်မှ အလုပ်သမားများ အလုပ်ပြန်လည် ခန့်ထားရေးအတွက် လူအင်အား (၅၀) လောက်က ယနေ့ နိုဝင်ဘာလ(၄) ရက်နေ့ နေ့လည် (၃) နာရီလောက် က မန္တလေးမြို့ ၆၂ လမ်းပေါ်ရှိ မနော်ယမံ လူထုဟစ်တိုင်တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲတွင် သရပါဟိုတယ် အလုပ်သမား သမဂ္ဂဖြိုခွဲမှု အလိုမရှိ၊သရပါဟိုတယ်မှ အလုပ်ရှင်နှင့် မန်နေဂျာများ၏ မတရား အလုပ်ထုတ်ခြင်းများ ရပ်တန့်ရေး ဒို့အရေး စသည့်များ ကြွေးကြော်ခဲ့သည်။
မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေးအတွင်းရေးမှူး ကိုသက်နှင်းအောင်၊ အထက်ဗမာပြည်တာဝန်ခံ ကိုမင်းသက်ထွေး၊ အလုပ်ထုတ်ခံထားရသော အလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်း နှင့် အလုပ်သမားခေါင်းဆောင် ဒေါ်ရင်ရင်စိုးတို့က ဟောပြောမှုများ ပြုလုပ်ခဲ့ပါသည်။
















0 comments:
Post a Comment