မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့် ကင်းများ အဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၁၅ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ဗန္ဓုလရဲကင်းစခန်းမှ ရဲမှူး ဇော်လင်းအောင် ဦးစီးသည့်(၃၀)ဦး၊ စကားပြန် ၁ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) နယ်ခြား စောင့်တပ် Targupara ကင်းစခန်းမှ Naib Subedar Md. Ahsan Ullah ဦးစီးသည့်(၃၀)ဦး၊ စကားပြန်/လမ်းပြ ၃ ဦး တို့သည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၅၂)မှ (၅၃)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
The Ladies News

No comments:
Post a Comment