မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ၁၅၀၀ အချိန် မိုင်းရယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂၁၀)နေ မအေးမီး(ခ)နန်းမိုးညွန့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မအေးလီ၊ စိုင်းခမ်းခိုင်၊ အိုက်မြင့်နှင့် အိုက်ခိုင်တို့အားတွေ့ရှိရပြီး မအေးလီ ခန္ဓာကိုယ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ အိုက်ခိုင်၏လွယ်အိတ် အတွင်းမှ ဘိန်းဖြူ သုညဒသမ ၀၅ ဂရမ်၊ စိုင်းခမ်းခိုင် စီးထားသည့် အစိမ်းရောင်လယ်တိုဖိနပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြားနှင့် သစ်သားဗီရိုအတွင်းမှ ဘိန်းဖြူ ၁၈.၉၅ ဂရမ်၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၁ ပြား၊ ဘိန်းဖြူ အလေးချိန် ၁၉ ဂရမ်၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် မြန်မာငွေ ၄၄၅,၀၀၀ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့ သဖြင့် မအေးမီး(ခ)နန်းမိုးညွန့်(၃၈)နှစ်၊ မအေးလီ(၄၀)နှစ်၊ စိုင်းခမ်းခိုင်(၄၀)နှစ်၊ အိုက်မြင့်(၃၂)နှစ်နှင့် အိုက်ခိုင်(၄၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
The Ladies News

No comments:
Post a Comment