Thursday, November 29, 2018

အမတ်များ ကတိသစ္စာပြုရန် မန္တလေးလွှတ်တော်အထူးအစည်းအဝေးခေါ်

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွှတ် တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုရန် လွှတ်တော်အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်တွင် ခေါ်ယူခဲ့သည်။ 
ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ သပိတ်ကျင်း တိုင်းဒေသ ကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁)နေရာနှင့် အစားထိုးခန့်အပ် ထားသော တပ်မတော်သားကိုယ် စားလှယ်နှစ်ဦးတို့ ကတိသစ္စာ ပြု မည်ဖြစ်သည်။ 

လွှတ်တော်အထူးအစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများ ပါဝင်မည်မဟုတ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော် ဦးက ပြောသည်။ 

လာမည့် ဇန်နဝါရီအတွင်း ကျင်းပမည့် လွှတ်တော်မှသာ မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင် သွင်းခြင်းများပါဝင်မည်ဟု ၎င်းက ပြောသည်။ 

၂၀၁၈ ကြားဖြတ် ရွေး ကောက်ပွဲ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များနှင့် အစားထိုး ခန့်အပ်ထားသော တပ်မတော်သား ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် ကတိသစ္စာပြုလျက်ရှိသည်။ 

7Day

No comments:

Post a Comment