Friday, November 2, 2018

နိုင်ငံတော်သမ္မတဦးဝင်းမြင့် တာမွေမြို့နယ် မဲရုံအမှတ် (၃) တွင် မဲပေးမည်


မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၄င်း အိမ်ထောင်စု ဇယားရှိရာ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက်၊ မဲရုံ အမှတ် (၃) တွင် မဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးဂောာက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်မောင်အေးက The Ladies News သို့ အတည်ပြုပြောကြားသည်။ 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ တာမွေမြို့နယ် ပြည်သူလွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဦးဝင်းမြင့် သမ္မတဖြစ်သွားသည့် အခါ ၄င်းနေရာတွင် လစ်လပ်သွားသည့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရခြင်းဖြစ်သည်။ 

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၃ နေရာရှိပြီး အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် ၇ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ တို့အတွက် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၉ ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

အောင်ရဲနောင် 
The Ladies News


No comments:

Post a Comment