ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ လုပ်သက် အနှစ် (၂၀)ရှိ မြန်မာ့ မီးရထား အလံပြ ဝန်ထမ်းတစ်ဦးအား အလုပ်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ ကာယကံရှင်မှ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁နာရီက ရန်ကုန်မြို့ ၊ လမ်း၅၀၊ အထက်ဘလောက်ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော့်ကို အခုလို တစ်ဖက်သတ် မဟုတ်ဘဲ အလုပ်ဖြုတ်တဲ့အပြင် ကျွန်တော့်ကို အသနား ခံစာတင်းပါဆိုပြီး ပြောတယ်။ ကျွန်တော် မဟုတ်တာ လုပ်ထားတာမဟုတ် တဲ့အတွက် မတင်နိုင်ပါဘူး။ ဒါပေမယ် ကျွန်တင်လိုက်ပါတယ်။ ဘာမှ ထူးခြားမလာပါဘူး။ ကျွန်တော်က ၂၇၁ မှာ နှစ်ပေါင်း နှစ်ဆယ် တာဝန်ခဲ့တာပါ။ နှစ်ပေါင်း၂၀ တာဝန်ထမ်းဆောင်ခဲ့တဲ့ နေရာမှာလည်း ဘာအခွင့်အရေးမှ မရခဲ့ပါဘူး။ ကျွန်တော့်ကိုမီးရထားပိုင် မြေ မြေကွက် ၂၀၀ ကို အကွက်ရိုက်ရောင်းစားတယ်လို့ သတင်းမှားတွေ လုပ်ကြံဖန်တီးခဲ့ပြီး စုံစမ်းစစ်ဆေး ရေး အဖွဲ့က ကျွနိ့တော့်ကို ခေါ်ယူစစ်ဆေးခဲ့ရာမှာလည်း ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် ရှင်းပြခွင့်မပေးဘဲ ၊ သူတို့ကြိုတင်ရရှိ ထားတဲ့ တိုင်ကြားမှုတွေကို အခြေခံပြီး တစ်ဘက်သတ်စစ်ဆေးခဲ့ပါတယ်။
ကျွန်တော့်ကို အရေးယူတဲ ဖြစ်စဉ် တစ်ခုလုံး ကမတော်မတရား ခံရခြင်းသာဖြစ်ပါတယ်"ဟု မြန်မာ့ မီးရထား (၇၀၈)တိုင်အမှတ်(၉)ဟင်္သာတ၊ အမှတ်(၂၇၁)ခြေမြန်တပ်ရင်း ဂိတ်ဆောင့် တာဝန်ထမ်းဆောင်သည့် ကာယကံရှင် ဖြစ်သည့် မြန်မာ့မီးရထား ဝန်ထမ်း ဦးကြည်လင်းက ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ဦးကြည်လင်းမှ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနသို့ တိုင်းကြားရာတွင် အကြောင်းထူးခြားခြင်း မရှိသည့်အတွက် ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ တင်ပို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဖြူရောင်
Isee Media








0 comments:
Post a Comment