Friday, November 2, 2018

ကမ္ဘာ့ပထမဆုံး ဆိုက်ဘာအန္တရာယ်စုပေါင်းအာမခံစနစ် စင်ကာပူ ထူထောင်



ဒေသတွင်းက ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်တွေကို ဖြေရှင်းနိုင်တဲ့စွမ်းရည် တိုးတက်လာစေဖို့ အားထုတ်မှုတစ်စိတ်တစ်ပိုင်းအဖြစ် စင်ကာပူဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ဆိုင်ဘာအန္တရာယ်စုပေါင်းအာမခံစနစ်ကို ထူထောင်တော့မယ်လို့ တနင်္လာနေ့က ၁၅ ကြိမ်မြောက် စင်ကာပူနိုင်ငံတကာထပ်ဆင့်အာမခံလုပ်ငန်းညီလာခံမှာ စင်ကာပူ ဘဏ္ဍာရေးဝန်ကြီး Heng Swee Keat ကပြောခဲ့ပါတယ်။ 
"သည်စနစ်က အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ အာမခံနိုင်စွမ်းရှိမှာဖြစ်ပြီး အစဉ်အလာအာမခံနဲ့ အာမခံနဲ့ဆက်စပ်နေတဲ့ ငွေချေးသက်သေခံလက်မှတ်ဈေးကွက် နှစ်ခုစလုံးကို ဆိုက်ဘာအာမခံပေးနိုင်စေမှာဖြစ်ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။ 

"လက်ရှိအချိန်ထိ သည်လုပ်ငန်းအတွင်းမှာ ပါဝင်ဖို့ သူတို့ရဲ့စိတ်ဝင်စားမှုကို အာမခံကုမ္ပဏီပေါင်း၂၀ က ဖော်ပြထားပြီး အာဆီယံနဲ့ အာရှမှာ ဆိုက်ဘာနဲ့ပတ်သက်တဲ့ ဆုံးရှုံးနစ်နာမှုတွေမရှိအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်" လို့ မစ္စတာ Heng က ပြောခဲ့ပါတယ်။ 

ဆိုက်ဘာရာဇဝတ်မှုတွေက ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးမှာ အမေရိကန်ဒေါ်လာ ၃ ထရီလျံနီးပါးကို ကုန်ကျစေတယ်လို့ ခန့်မှန်းခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ နှစ်ဆဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ အာရှမှာ ဖြစ်ပွားနိုင်ခြေရှိတယ်လို့ မစ္စတာ Heng ကပြောခဲ့ပါတယ်။ အာရှကုမ္ပဏီတွေရဲ့ ၆၀% မှာ သင့်လျော်တဲ့ ဆိုက်ဘာခြိမ်းခြောက်မှုစောင့်ကြည့်ရေးစနစ် မရှိနေသေးတဲ့အတွက် သည်ဒေသက အဖွဲ့အစည်းတွေကို ဟက်ကာတွေက တိုက်ခိုက်နိုင်ခြေ ၈၀% ကျော်ရှိနေပါတယ်။ 

တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့နဲ့ ဟန့်တားဖို့အတွက် ဆိုက်ဘာလုံခြုံရေးမှာရင်းနှီးမြှုပ်နှံမှုထက်ပိုကောင်းတဲ့ ဆုံးရှုံးနစ်နာနိုင်ခြေစုပေါင်းအာမခံစနစ်က တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲတွေကို လျော့ပါးစေမှာ ဖြစ်ပါတယ်။ သည်ဒေသရဲ့ ဆိုက်ဘာလုံခြုံရေးစွမ်းရည်ကို ပိုမိုကြီးမားလာစေဖို့အတွက် ဆိုက်ဘာလုံခြုံရေးစင်တာအသစ်တစ်ခုဖြစ်တဲ့ အာဆီယံ-စင်ကာပူ ဆိုက်ဘာလုံခြုံရေးအထူးစင်တာကို စင်ကာပူက အရင်က ကြေညာခဲ့ပါတယ်။ 

သည်စီးပွားဖြစ် ဆိုက်ဘာအန္တရာယ်စုပေါင်းအာမခံစနစ်ဟာ ၂၀၁၆ ခုနှစ်မှာ စင်ကာပူရဲ့ ဆိုက်ဘာ အန္တရာယ်စီမံခန့်ခွဲရေး စီမံကိန်းအပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သည်စီမံကိန်းက ဆိုက်ဘာအန္တရာယ်တွေရဲ့ တန်ဖိုးနဲ့ အာမခံမှုကို ထောက်ပံ့ဖို့ မူဘောင်တစ်ခုကို ဖန်းတီးမှာဖြစ်ပါတယ်။

"အာမခံမှု၊ ဈေးနှုန်းသက်မှတ်မှု၊ အန္တရာယ်စိစစ်မှုကို ထောက်ပံ့ဖို့ ဥာဏ်ရည်နဲ့ သမိုင်းအချက်အလက်တွေ မရှိတာကြောင့် အာမခံမျက်နှာစာမှာ တစ်ကမ္ဘာလုံးမှာ ဆိုက်ဘာအန္တရာယ်ရဲ့ အာမခံအကျုံးဝင်မှုက အရမ်းနည်းနေပါတယ်။ ရလာဒ်အနေနဲ့ မူဝါဒအများစုမှာ အလွန်အမင်း ချန်လှပ်ထားမှုတွေရှိနေပါတယ်" လို့ မစ္စတာ Heng က ပြောခဲ့ပါတယ်။

သူက ကမ္ဘာ့အာမခံလုပ်ငန်း၊ စည်းကမ်းထိန်းသိမ်းသူအဖွဲ့အစည်းနဲ့ ပညာရှင်တွေကို အတူတကွဆောင်ကြဉ်းလာမယ့် ပလက်ဖောင်းအသစ်တစ်ခုအဖြစ် ဂလိုဘယ်-အာရှအာမခံမိတ်ဖက်ကိုလည်းကြေညာခဲ့ပါတယ်။

Kumudra



No comments:

Post a Comment