Sunday, November 4, 2018

နောက်တဆင့်တက်နိုင်ရေး မန်ယူနှင့်ပွဲ ကြိုးစားကစားကြရန် ဂျူဗင်နည်းပြပြော


မန်ယူနဲ့ပွဲအတွက် ဒဏ်ရာရ ကစားသမားတွေရှိနေပေမယ့် နောက်တဆင့်တက်ရောက်ရေး ကြိုးစားကြဖို့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီက တိုက်တွန်းလိုက်ပါတယ်။ 
ဂျုဗင်တပ်အသင်းမှာ တောင်ပံကစားသမား ဒေါက်ဂလပ် ကော်စတာနဲ့ တိုက်စစ်မှူး မန်ဇူကစ်တို့ ဒဏ်ရာရနေသလို ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပီဂျာနစ်၊ မာတွီဒီ၊ ဘာနာဒက်ချီနဲ့ နောက်ခံလူ ချီလီနီတို့ဟာလည်း ကြံ့ခိုင်မူပြည့်ဝဖို့ ရုန်းကန်နေရတာပါ။ 

ဒီလိုဒဏ်ရာရ ကစားသမားများနေပေမယ့် နောက်တဆင့် တက်ရောက်ရေး သေချာဖို့အတွက် မန်ယူနဲ့ပွဲကို အနိုင်ယူဖို့ ကြိုစားရမယ်လို့ အယ်လီဂရီက ဆိုပါတယ်။ 

ဂျုဗင်တပ်စ်အသင်းဟာ မန်ယူနဲ့ ချန်ပီယံလိဂ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် နောက်တဆင့် တက်ရောက်ဖို့ သေချာသွားမှာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment