နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းဘေး၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော ဒေသန္တရလက်လုပ် ရီမုမိုင်းများ တွေ့ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နှင့် ပန်စံကျေးရွာ အကြားရှိ ကားလမ်းအနီး မသင်္ကာဖွယ်ရာ ဝါယာကြိုးစများ တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခန့်တွင် သွားရောက်စစ်ဆေးရာ နမ့်ခမ်းမြို့မှ ပန်စံကျေးရွာသွား ကားလမ်း ယာဘက်ခြမ်းရှိ ကားလမ်း၏ ၁ ပေခန့်အကွာ၌ မိုင်းတစ်လုံးနှင့် တစ်လုံးအား ၁ဝ ပေခန့်စီ ခြား၍ အချင်း ၃ လက်မ၊ အရှည် ၄ လက်မ ခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်းသုံးလုံး၊ ဒီတိုနေတာ သုံးခု၊ ဆားကစ်အိမ်တစ်ခု၊ ၁၂ ဗို့ ဘက်ထရီတစ်လုံးနှင့် ဝါယာကြိုး ပေ ၃ဝ ခန့်တို့ကို တွဲလျက် အနေအထားဖြင့် တွေ့ရှိခဲ့သည်။
အဆိုပါ ဒေသန္တရလက်လုပ် ရီမုမိုင်းများအား ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းဝေးရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ညနေ ၅ နာရီ ၁၅ မိနစ်တွင် သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ် ထပ်မံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News







0 comments:
Post a Comment