မုဒိန်းမှု၊ကိုယ်ထိလက်ရောက်ကျူးလွန်မှုများဖြင့် တရားဆွဲဆိုခံထားရသည့် အဆိုတော်အစ္စဏီ၏ အမှုသည် ၇လတာကြာမြင့်သွားပြီဖြစ်သည့်အတွက် အမှုကိုမြန်မြန်ပြီးဆုံးစေချင်ကြောင်း အဆိုတော် အစ္စဏီယနေ့ရုံးချိန်အပြီးတွင်ပြောကြားခဲ့သည်။
အဆိုတော်အစ္စဏီ၏အမှုကို ယနေ့တွင် တာမွေမြို့နယ်တရားရုံးတွင် ချိန်းဆိုခဲ့သော်လည်း အမှုတွဲသည် တိုင်းတရားရုံးသို့်ရော့ရှိနေသောကြောင့် စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်း အစ္စဏီရှေ့နေဦးကျော်ဇင်ဦးကပြောသည်။
တရားလိုမော်ဒယ်စူးရှထက်ဘက်မှ သက်သေခံပယ်ဖျက်ပေးရန်အတွက် တိုင်းတရားရုံးသို့တိုင်တမ်းထားမှုသည် လက်ရှိတွင်နှစ်ဖက်ကြားနာမှုပြီးဆုံးခဲ့ပြီး အမိန့်ချမှတ်ရန်တိုင်းတရားရုံးမှ ရုံးချိန်းမပေးသေးဟု အစ္စဏီ၏ရှေ့နေဦးကျော်ဇင်ဦးကပြောသည်။
အဆိုပါအမှုသည် ၇လတာကြာမြင့်ခဲ့သော်လည်း လက်ရှိအချိန်ထိ မှုခင်းဆရာဝန်သာစစ်ပြီးခဲ့ပြီး သုတ်ပိုးမတွေ့ရှိကြောင်းထွက်ဆိုခဲ့သည့်အပြင် တရားလိုမော်ဒယ်စူးရှထက်အား စစ်ဆေးနေစဉ်တွင် ရုံးပြောင်းလျှောက်လွှဲခဲ့ခြင်းဖြစ်သည်။
အဆိုတော်အစ္စဏီသည် ချစ်သူဟောင်း မော်ဒယ်စူးရှထက်(ခ)မဇာခြည်ဌေးအားဧပြီလ၁၂ရက်နံနက် ၂နာရီ၄၅မိနစ်က သားမယားအဖြစ်နှစ်ကြိမ်ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလက်ရှိတွင် အဆိုတော်အစ္စဏီအားရာဇသတ်ကြီးပုဒ်မ ၃၂၄၊ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် တရားစွဲဆိုထားသည်။
The Fifth Wave News

No comments:
Post a Comment