Miss Universe ပြိုင်ပွဲ၏ အမျိုးသားဝတ်စုံအတွက် မြန်မာ့သနပ်ခါးဝတ်စုံဖြင့် ယှဉ် ပြိုင်မည်ဖြစ်ပြီး မြန်မာ့သနပ်ခါးကို ကမ္ဘာကသိအောင် လုပ် ဆောင်မည်ဟု နှင်းသွေးယုအောင်က ပြောသည်။
အမျိုးသားဝတ်စုံ ယှဉ်ပြိုင်သည့်အချိန်၌ သနပ်ခါးတုံးကို ကျောက်ပြင်တွင်သွေး၍ လိမ်း သည့်ပုံစံဖြင့် ယှဉ်ပြိုင်မည်ဟု နှင်း သွေးယုအောင်က ပြောသည်။
Miss Universe 2018 ပြိုင် ပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည် ဖြစ်ပြီး ကိုယ်တိုင် ထိုင်းဘာသာ စကားတတ်သောကြောင့် ထိုင်း ပရိသတ်များ သတိပြုမိအောင် လုပ်ဆောင်နိုင်မည်ဟု ထင် ကြောင်း ၎င်းက ဆိုသည်။
နှင်းသွေးယုအောင်သည် ယင်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာ နိုင်ငံမှ ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်ကစတင်၍ Miss Uni−verse ပြိုင်ပွဲ၏ လှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်ရမည်ဖြစ်သည်။
‘‘အဓိကကတော့ Body, Beauty, Brain မှာ Body က တော်တော်လေးကို သူများနဲ့ယှဉ်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်နဲ့ယှဉ်ရင်ပဲ ဖြစ်ဖြစ် သိပ်အဆင်မပြေဘူး။ နှင်းသွေး Diet လုပ်တယ်။ Gym ကောင်းကောင်းဆော့တယ်’’ဟု ပြိုင်ပွဲအကြို ပြင်ဆင်မှုများနှင့် ပတ်သက်၍ နှင်းသွေးယုအောင် က ပြောသည်။
7Day

No comments:
Post a Comment