အီရတ်နိုင်ငံမြောက်ပိုင်း တယ်လ်အဖာမြို့မှာ ဒီဇင်ဘာ ၂၅ ရက်က ကားဗုံးကွဲလို့ လူ ၂ ဦးထက်မနည်း သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။
ဒီမြို့ဟာ အရင်က အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခြေကုပ်မြို့ ဖြစ်ပါတယ်။
မိုဆူးလ်မြို့ရဲ့ အနောက်ဘက် မိုင် ၅၀ အကွာက တယ်လ်အဖာမြို့ဟာ ၂၀၀၃ နောက်ပိုင်းမှာ ဆွန်နီနဲ့ ရှီးယိုက် မွတ်စလင်တွေကြား လူမျိုးစု အကြမ်းဖက်မှုတွေ မကြာခနဖြစ်ခဲ့တဲ့နေရာပါ။
ဒီမြို့ဟာ အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ရဲ့ အကြီးတန်း စစ်ဦးစီးမှူးတွေ မွေးထုတ်ရာ နယ်မြေလည်း ဖြစ်ပါတယ်။
လူဦးရေ ၂ သိန်းလောက်ရှိတဲ့ ဒီမြို့ဟာ ၂၀၁၄ ခုနှစ်မှာ အိုင်အက်စ်တွေရဲ့ ထိန်းချုပ်မှုအောက် ကျရောက်ခဲ့ပါတယ်။
အမေရိကန် ညွန့်ပေါင်းတပ်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ အီရတ်လုံခြုံရေးတပ်က ၂၀၁၇ သြဂုတ်မှာ ဒီမြို့ကို ပြန်သိမ်းခဲ့ပါတယ်။
ဒါဟာ တိုက်ပွဲတွေ ဆီးရီးယားနယ်စပ်ကို မရွှေ့ခင် အီရတ်စစ်တပ်က ပြန်သိမ်းတဲ့ နောက်ဆုံးနေရာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး မြို့ထဲမှာ လုံခြုံရေး အကြီးအကျယ် ချထားလို့ မြို့ဟာ ငြိမ်သက်လုနီးပါး ဖြစ်နေပါတယ်။
DVB

No comments:
Post a Comment