ရန်ကုန်နှင့် နေပြည် တော်အပါအ၀င် ဒေသအများစု တွင်လာမည့်နှစ်ရက်အတွင်းအ ချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် ထူးခြား ရာသီဥတုဖြစ်စဉ်မရှိသော်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်၊ ရှမ်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ နေရာ ကွက်၍ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း ဒီဇင်ဘာ ၂၉ ရက်ညနေက သတင်းထုတ်ပြန် သည်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
လာမည့်ရက်အနည်းငယ် အတွင်း ဒေသအများစု၌ အအေး အနည်းငယ် လျော့လာနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားသည်။
7Day
No comments:
Post a Comment