Thursday, December 27, 2018

ဗဟိုဘဏ်က သုံးရက်အတွင်း ပုဂ္ဂလိကဘဏ်များမှ ဒေါ်လာ ၁၁ သန်း ဝယ်ယူ


ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲနှုန်းဖြင့် ကန်ဒေါ်လာ ၁၁ သန်းကျော်ကို သုံးရက်အတွင်း ပုဂ္ဂလိကဘဏ်များထံမှ ဝယ်ယူခဲ့သည်။
အစိုးရရုံးဖွင့်ရက်များဖြစ် သော ဒီဇင်ဘာ ၂၆ ရက်တွင် ကန်ဒေါ်လာသုံးသန်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် ကန်ဒေါ်လာလေးသန်း ကျော်ဝယ်ယူခဲ့သည်။ 

ဒီဇင်ဘာ ၂၆ ရက်က ဗဟို ဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက ၁,၅၆၆ ကျပ်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ပျမ်းမျှ ကျပ် ၁,၅၄၀ မှ ၁,၅၅၀ အကြား ဈေးဖွင့်သည်။ 

ဒီဇင်ဘာ ၂၇ ရက်တွင် ဗဟို ဘဏ်က ကန်ဒေါ်လာလေးသန်း ကျော်ကို တစ်ဒေါ်လာ ၁,၅၅၈ ကျပ်ဖြင့် ဝယ်ယူသည်။ ပုဂ္ဂလိကဘဏ်ဈေးကွက်တွင် ဒေါ်လာတန်ဖိုးက ၁,၅၃၈ ကျပ်မှ ၁,၅၄၅ ကျပ်အကြား ဈေးဖွင့်သည်။ 

‘‘လက်ရှိ ရည်ညွှန်းဈေးနဲ့ အပြင်ဈေးက သိပ်မကွာဘူးလေ။ အရင်တစ်ခါက အတော်ကွာခဲ့ တယ်’’ဟု ငွေလဲကောင်တာဝန် ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေ သည့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။ 

ဒီဇင်ဘာ လဆန်းတွင် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ မှ ကန်ဒေါ်လာ ၃၄ သန်းကျော်ကို ရက်ပိုင်းအတွင်း ဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ် တော်ပြည်သူ့ငွေစာရင်းကော်မ တီက ဒီဇင်ဘာ ၂၀ ရက်တွင် ဗဟို ဘဏ်တာဝန်ရှိသူများကို ခေါ်ယူ တွေ့ဆုံခဲ့သည်။ 

ဗဟိုဘဏ်၏လုပ်ပိုင်ခွင့်အ ရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကော်မတီ ကို ဗဟိုဘဏ်တာဝန်ရှိသူများက ရှင်းပြီး တစ်ပတ်အတွင်း ပုဂ္ဂလိကဘဏ်များမှ ကန်ဒေါ်လာများ ထပ်မံဝယ်ယူသည်။ 

ဒီဇင်ဘာ ၂၄ ရက်တွင် လေ လံဈေးကွက်ဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၁ သန်းကို ရည်ညွှန်းငွေလဲ နှုန်း ၁,၅၅၈ ကျပ်ဖြင့် ဝယ်ယူခဲ့ ခြင်းဖြစ်သည်။ 

လက်ရှိ ပြည်တွင်းဈေးကွက် တွင် ကန်ဒေါ်လာတန်ဖိုး ဆက် တိုက်ကျဆင်းလာပြီး တစ်ပတ်အ တွင်း တစ်ဒေါ်လာလျှင် ၁၅ ကျပ် ခန့် ဈေးကျဆင်းခဲ့သည်။ 

ကောက်ပဲသီးနှံပေါ်သည့် ရာသီချိန်ဖြစ်ပြီး မကြာမီရောက်ရှိ မည့် နှစ်သစ်ကူးရုံးပိတ်ရက်ရှည် များနှင့် လကုန်ရက်ပိုင်းဖြစ်နေ ခြင်းက ဒေါ်လာတန်ဖိုးကို ကျဆင်း စေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။ 

‘‘အပြင်ဈေးကွက်မှာ ဒေါ် လာဝယ်အားကလည်း အတော် နည်းတယ်’’ဟု ငွေလဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ ဗဟိုဘဏ်က ကန်ဒေါ်လာ တန်ဖိုးကို ၁,၅၅၀ ကျပ်ခန့်တွင် တည်ငြိမ်မှုရှိစေရန် ကြိုးစားနေ ခြင်းဖြစ်နိုင်ကြောင်း ဘဏ်လုပ် ငန်းအကြံပေး ဦးရဲမင်းဦးက သူ၏ အမြင်ကို ပြောသည်။

7Day

No comments:

Post a Comment