မန္တလေးမြို့အတွင်း လှည့်လည်အလှူခံသည့် တရုတ်ဘုန်းကြီး လေးပါးကို လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးBအက်ဥပဒေပုဒ်မ - ၇(၂) ဖြင့် အရေးယူပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
ယင်းတရုတ်နိုင်ငံသား ဘုန်းကြီး လေးပါးကို ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ မှ ဆရာတော်များက ဖမ်းဆီး၍ လူဝတ်လဲကာ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ထံအပ်နှံခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားမျာဖြစ်ကြသည့် Mr.Ping Huacheng (၅၇) နှစ်၊Mr.Li Changwn (၅၈)နှစ်၊Mr.Haung Yuanyin (၆၃) နှစ်၊ Mr.Zhang Jianglin (၅၇)နှစ် တို့သည် ဘုန်းကြီးဝတ်များဖြင့် ဒီဇင်ဘာ(၉)ရက်နေ့ က (၂၈) လမ်းနှင့် (၂၉) လမ်းကြား၊ (၈၅) လမ်းနှင့် (၈၆) လမ်းကြားရှိ ထီးတိုင်ဈေး၊ (၂၇) လမ်း၊ (၈၉) လမ်းနှင့် လမ်း (၉၀) ကြား ကိုင်းတန်းဈေး၊ လမ်း၃၀၊ (၇၆) လမ်းနှင့် (၇၇) လမ်းကြားတို့တွင် ပုတီးများပေး၍ အလှူခံခြင်း ပြုလုပ်နေနကြောင်း သိရသည်။
ယင်းတရုတ်ဘုန်းကြီးများဖြစ်သည့် Mr. Ping ပါ (၄) ဦးမှာ ရိုးရိုးဗီဇာဖြင့် လာရောက်ခြင်းဖြစ်ပြီး သာသနာဝင်ကဒ်ပြားမှာလည်း အတုဖြစ်ကာ ဒီဇင်ဘာလ (၇) ရက်နေ့က ရန်ကုန်လေဆိပ်မှ ဝင်ရောက်၍ အလှူခံခြင်းဖြစ်ကြောင်းသိရသည်။
The Fifth Wave News

No comments:
Post a Comment