Sunday, December 30, 2018

ဘားအံမြို့၊ ဇွဲကပင်ခန်း၌ ပထမဆုံးအကြိမ် အောင်လက်မှတ်ပေးပွဲ အခမ်းအနား ပြုလုပ်


အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) ၏ ပထမဆုံးအကြိမ် အောင်လက်မှတ်ပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်က ဘားအံမြို့၊ ဇွဲကပင်ခန်း၌ ပြုလုပ်ခဲ့သည်။ 
ယင်းအောင်လက်မှတ်ပေးပွဲသို့ အောင်မြင်သူကျောင်းသားပေါင်း ၈၇ ဦး တက်ရာက်ပြီး၊ အဝေးရောက်အနေဖြင့် ၁၀ ဦးကျော် စာရင်းပေးထားသည်ဟုယင်းကျောင်းထံမှ သိရှိရသည်။ 

သက်မွေးပညာကို ပိုမိုမြှင့်တင်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းဆင်းကျောင်းသားများကို အသိအမှတ်ပြုလက်မှတ်ပေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာချိုယုမွန်က ပြောသည်။ 

“GTHS တွေကို အောင်လက်မှတ်ပေးတာ ဒါကပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။ တခြားသောကျောင်းတွေမှာကတော့ လုပ်ပြီးသွားပြီး ကျွန်မတို့ကျောင်းကတော့ ဒါပထမဆုံးပေးတာပါ။ သုံးနှစ်စာပေါင်းပေးတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

အစိုးရနည်းပညာ အထက်တန်းကျောင်းသည် (၈) တန်းအောင်ပြီးနောက် အခြေခံပညာကို ဆက်လက်သင်ကြာခြင်းမရှိဘဲ သက်မွေးအတတ်ပညာ သင်တန်းတတ်မြောက်လိုသူများကို လက်ခံသင်ကြားပေးခြင်းဖြစ်သည်။ 

သင်တန်းကာလ ၂ နှစ်သက်မှတ်ပြီး အဆောက်အအုံနည်းပညာ၊ စက်အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ၊ အီလက်ထရောနစ်နည်းပညာ၊ လျှပ်စစ်နည်းပညာ၊ မော်တော်ယာဉ်နည်းပညာ စသည့်ပညာများ သင်ကြားပေးခြင်းဖြစ်သည်။ 


ဓာတ်ပုံ - စောကျော်ဌေး 
#The_Voice_Daily

No comments:

Post a Comment