ဒူဘိုင်း - လာမည့်ဇန်နဝါရီ ၃ ရက်တွင် ဒူဘိုင်းမြို့၌ ဆုရသူကို ကြေညာမည့် တစ်နှစ်တာ အ ကောင်းဆုံး ကစားသမားရွှေကမ္ဘာ လုံးဆု ဆန်ခါတင်အဖြစ် ရော် နယ်ဒို၊ မက်ဘီနှင့် ဂရစ်ဇ်မန်းတို့ ရွေးချယ်ခံရသည်။
၂၀၁၈ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအဖြစ် ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်၊ ရီးရဲလ်နည်းပြဟောင်းဇီဒန်း၊ လီဗာပူးနည်းပြ ကလော့ပ်၊ အက်သလက်တီကိုနည်းပြ ဆီမြွန်နီနှင့် ဂျူဗင်တပ်နည်းပြအယ်လီဂရီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြီးခဲသည့်နွေရာသီက ရုရှားတွင် ကမ္ဘာ့ဖလားဆောင်ကြဉ်းပေးနိုင်ခဲ့သည့် ဒက်စ်ချမ့်က ယင်းဆုရမည်ဟု ရေပန်းစားနေသည်။
တစ်နှစ်တာအကောင်းဆုံး ကလပ်ဆုကို အက်သလက်တီကို၊ ရီးရဲလ်နှင့် လီဗာပူးတို့ပြိုင်ဆိုင်မည်ဖြစ်သည်။
အကောင်းဆုံးကစားသမား ဆုဆန်ခါတင်စာရင်းတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် ဖီဖာအကောင်းဆုံး ကစားသမားဆုနှင့် ဘလွန်းဒီအောဆုရရှိသည့် မိုဒရစ်တို့ ပါဝင်ခြင်းမရှိပေ။
(၁၀) ကြိမ်မြောက် ပေးအပ် မည့် ရွှေကမ္ဘာလုံးဆုသည် အထူးမိုင်တိုင်တစ်ခုဖြစ်ကြောင်း Globe Soccer အရာရှိ ကွမ်မာဆိုဘန်ဒို နီက ပြောသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း ဆုရရှိမှုအပါအဝင် ယင်းဆုကိုလေးကြိမ် ရရှိထားသော ရော်နယ်ဒို သည် ရှစ်ကြိမ်မြောက် ဆန်ခါတင် စာရင်းဝင်ခဲ့ပြီး ၂၀၁၅ က ယင်းဆု ရသော မက်ဆီသည် ယခုနှစ်တွင် ချန်လှပ်ခံရသည်။
ဆုပေးပွဲတွင် တစ်နှစ်တာအ ကောင်းဆုံး အသင်းဥက္ကဋ္ဌ၊ တစ် နှစ်တာအကောင်းဆုံးအေးဂျင့်ဆု တို့လည်း ပေးအပ်မည်ဖြစ်သည်။
Ref:Marca/As
7Day

No comments:
Post a Comment