Tuesday, December 25, 2018

ထိုင်းတွင် ခရစ္စမတ်ဘိုးဘိုးကြီးများက ဆင်စီးပြီး ကလေးများအား လက်ဆောင်ဝေ


ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်မြောက်ပိုင်းက ဂျီရာဆာ့တ် ဝတ်ထယာကျောင်းမှာ ကျင်းပတဲ့ ခရစ္စမတ် ပွဲတော်အတွင်း ခရစ္စမတ်ဘိုးဘိုး စန်တာတွေဟာ သူတို့ရဲ့ စီးတော်ယာဉ်အဖြစ် ဒရယ်တွေအစား ဆင်တွေကို စီးနင်းခဲ့ကြပါတယ်။
ကကြိုးတန်ဆာတွေ ဆင်ယင်ထားတဲ့ ဆင်ကြီး ၃ စီးနဲ့ ဆင်ပေါက် ၂ စီးတို့ဟာ ကလေး အယောက် ၂ ထောင်နီးပါးကို အရုပ်တွေ၊ ပူဖောင်းတွေနဲ့ သွားရေစာမုန့်တွေ ဝေပေးခဲ့ပြီး ဆင်ထိန်းတွေက ခရစ္စမတ်ဘိုးဘိုးလို သရုပ်ဆောင်ခဲ့တာပါ။

ဒီကျောင်းမှာ မူကြိုကနေ အထက်တန်းအထိ ကလေးတွေကို သင်ပေးပါတယ်။

ဆင်စီး ခရစ္စမတ် ဘိုးဘိုးတွေဟာ ကလေးတွေကို လက်ဆောင်ပေးရုံသာမက ဆင်အကကိုလည်း ကပြခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်ဟာ တိုင်းပြည်လူဦးရေရဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိတာပါ။

ခရစ္စမတ်နေ့ဟာလည်း တရားဝင်အားလပ်ရက် မဟုတ်ပါဘူး။ ဒါပေမယ့် စီးပွားရေး ကြော်ငြာတွေနဲ့ ပြည်သူတွေဟာ ဓလေ့ထုံးတမ်း ရှုထောင့်အမျိုးမျိုးကို လက်ခံကျင့်သုံးကြပါတယ်။

DVB

0 comments:

Post a Comment