မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့နှင့် ထိုင်းနိုင်ငံဘက်သို့ လာရာက်လည်ပတ်သူ ယခင်ရက်များထက် များပြားနေခြင်းကြောင့် မြဝတီချစ်ကြည်ရေးတံတားမှမြို့တွင်းသို့ နှစ်ဖာလုံကျော် နေ့စဉ်နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ လေးနာရီခန့် ယဉ်ကြောပိတ်ဆို့နေကြောင်း သိရသည်။
မြဝတီမြို့သို့ ဘုရားဖူး ပို့ဆောင်ရေး ကားကြီးများဖြင့် လာရောက်ကြသလို ကိုယ်ပိုင်ယာဉ်များဖြင့်လည်း လာရောက်ကြသည်။ မြဝတီမြို့သို့ ရောက်လာသောဧည့်သည်တိုင်းက ထိုင်းနိုင်ငံမဲဆောက်သို့ သွားရောက်လည်ပတ်ကြသည်။
ထိုင်းနိုင်ငံဘက်သို့ သွားရောက်လည် ပတ်ရန်အတွက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ပြုလုပ်နေသူမော်လမြိုင်သူ မမိုးက “ကျွန်မတို့ မိသားစုတွေ ထိုင်းဘက်ကို သွားလည်မယ်လေ။ လက်မှတ်တန်းစီနေတာတော့ တစ်နာရီလောက် ရှိပါပြီ။ လူက အရမ်းများ၊ ကားတွေကလည်းများ။ ကလေးတွေ ကျောင်းပိတ်လို့ မိသားစုအလိုက် ခရီသွားရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တံတားထိပ်ရောက်မှ ကြာနေတာကတော့ စိတ်ညစ်စရာပေါ့” ဟု ဆိုသည်။
မြဝတီနှင့် ဒေသတွင်မော်တော်ယာဉ်များမှာ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန် အာမခံပြုလုပ်ထားပြီး ခရီးသွားများအား ပို့ဆောင်ပေးကြသလို မြဝတီ- မဲဆောက် ခရီးသည်ပို့ဆောင်း ရွှေမြန်မာ၊ ကလိုထူး ဘောခရီသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ကားများဖြင့်လည်း သွားလာကြသည်။
မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်လည်ပတ်ရာတွင် မြဝတီချစ်ကြည်ရေးတံတား၌ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် မဲဆောက်မြို့အပါအဝင် မယ်ရမက်၊ ဖုတ်ဖရက်၊ သုံးမြို့နယ်အတွင်း ခြောက်ညအိပ် ခုနစ်ရက်သွားရောက်လည် ပတ်ခွင့်ရရှိမည် ဖြစ်သည်။
ယင်းကဲ့သို့ အနည်နည်အရပ်ရပ်မှလာ ရောက်သော ခရီးသွားများခြင့်ကြောင့် မြဝတီချစ်ကြည်ရေးတံတားမှ ဘုရားကြီး မီးပွိုင့်ထိ နှစ်ဖာလုံခန့် နေ့စဉ်နာရီများစွာ ယာဉ်ကြော ပိတ်ဆို့မှုကိုရှင်းလင်းနေရကြောင်း ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်၊၊
မြန်မာနိုင်ငံအနှံ့ အပြားမှ လာရောက်လည်ပတ်ကြသူများတွင် မိသားစုအလိုက် လာရောက်လည်ပတ်သူ များရှိသလို ကျန်းမာရေးစစ်ဆေးရန် လာရောက်သူများလည်းရှိကြောင်း သိရသည်။ အဆိုပါ ခရီးသွားဧည့် သည်များသည် မြဝတီမြို့တွင်းရှိ ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်၊ သာမညဆရတော် တည်ထားခဲ့သော ဓိဋ္ဌာန်အောင်စေတီတော်၊ မိချောင်းကုန်းသာသနာ့နယ်မြေ၊ ကျောက်လုံးကြီးဘုရား(ခ) မဟာဝိဇယ စေတီတော်တို့အား ဖူးမြော်ကြည်ညိုကြပြီး တစ်ဖက်နိုင်ငံသို့ သွားရောက်လည်ပတ်ကြသည်။
ထိုင်းနိုင်ငံဘက်သို့လည်ပတ်ရာတွင် မဲဆောက်မြို့ဈေးနှင့် ဟုန်လုန်ကုန်တိုက်၊ လန်ဖေးယား၊ လိုတ ၊ ရော်ဘင်ဆင် ၊ ဖဝေါ၊ ဦးအောင်ဇေယျနတ် နန်း(ခ)ကြက်ဝါသနာရှင် စစ်သူကြီး မောင်နီနတ်နန်း ၊ ရွှေကျောင်း၊ နဂါးလိုဏ်ဂူ၊ ရေပူစမ်း၊ ပန်းခြံ၊ မြဘုရား စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြသည်။
Eleven Media Group

No comments:
Post a Comment