ရခိုင်ပြည်နယ် အမ်း မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ခရစ္စမတ်အခမ်းအနားကျင်းပရန် ပြင်ဆင်နေသည့် ခရစ်ယာန် ဘာသာဝင်များကို ရွာသားအချို့ က တားမြစ်ခဲ့သည့်ကိစ္စရဲတပ်ဖွဲ့ ၀င်များညှိနှိုင်းဖြေရှင်းပေးသဖြင့် ပြေလည်ပြီဖြစ်ကြောင်း အမ်း မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၂၇ ရက်တွင်ပြောသည်။
အမ်းမြို့နယ် စပ်စီကျေးရွာ ၌ ဒီဇင်ဘာ ၂၄ ရက်တွင် ခရစ္စ မတ်နေ့အခမ်းအနားပြုလုပ်ရန် မဏ္ဍပ်များဆောက်လုပ်ကာပြင် ဆင်နေစဉ် ရွာသားအချို့က လာရောက် တားဆီးသဖြင့် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ယင်းသို့နှစ်ဖက် အပြန်အ လှန်ခိုက်ရန်ဖြစ်ပွားမှုကြောင့် တားဆီးခဲ့သူများတွင် နှစ်ဦး၊ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဒဏ်ရာရရှိကြောင်းနှင့် လက်ရှိ တွင် အခြေအနေတည်ငြိမ်နေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသူ အမ်းဒေသခံတစ်ဦးက ပြော သည်။
‘‘အခြေအနေက အေးအေး ဆေးဆေးပဲဗျ။ သူတို့အချင်းချင်း စကားလေး ကတောက်ကဆဖြစ် ရုံလေးပဲ။ ဘာမှ ဘာသာရေးတွေ ဘာတွေမပါဘူး။ လုံခြုံရေးအဖွဲ့ တွေနဲ့ သူ့ဟာနဲ့သူ အေးအေး ဆေးဆေးပြီးသွားတယ်’’ဟု အမ်း မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကပြောသည်။
နှစ်ဖက် အပြန်အလှန် ပြဿနာဖြစ်နေချိန်တွင် မြို့ နယ်ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး ကြားဝင်ဖြေရှင်းပေးသဖြင့် ပြေ လည်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။
သို့သော် ထိခိုက်ဒဏ် ရာရရှိသဖြင့် ခရစ်ယာန်အသိုင်း အ၀ိုင်းဘက်ကရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း အမ်းမြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ယင်းသို့ ခရစ္စမတ်ပွဲပြုလုပ် မည့်ကိစ္စတားမြစ်ခံရသည့်အပေါ် စပ်စီကျေးရွာမှ ဒေသခံအချို့ကို ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့ သော်လည်း ဖုန်းအဆက်အသွယ် မရရှိပေ။
7Day
No comments:
Post a Comment