Saturday, December 1, 2018

ဆယ်လ်ဖီရိုက်ရင်း စက်လှေကားပေါ်မှ ပြုတ်ကျသေဆုံး

မန္တလေးတောင်ပေါ်တက်သည့် စက်လှေကားတက်လမ်းတွင် ဆယ်လ်ဖီရိုက်ရင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။ 
မန္တလေးတောင်ပေါ်သို့ စက်လှေကားဖြင့် တက်သည့်နေရာတွင် အသက် (၃၀) ကျော်အရွယ် အမျိုးသားသည် မိခင်၊ညီမတို့နှင့်လာရောက်ခဲ့သည်။ 

စက်လှေကားဖြင့် တက်ရောက်ရာ၌ အပေါ်ဆုံးအရောက်တွင် လက်ကိုင်ဖုန်းဖြင့် ဆယ်လ်ဖီရိုက်ရန်လုပ်ဆောင်ရာ၌ အရှိန်လွန်ကာ အမြင့်ပေ ၅၀ ခန့်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း   အမှတ် (၂)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

သေဆုံးသူအမျိုးသားသည် မူဆယ်မြို့တွင် နေထိုင်သူဖြစ်ပြီးဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၂) နယ်မြေရဲစခန်းက သေမှု၊ သေခင်းဖွင့်စစ်ဆေးနေသည်။

7Day

No comments:

Post a Comment