Wednesday, December 26, 2018

ဆေးခြောက်စိုက်ပျိုးမှုကနေ ထိုင်း တောင်သူတွေ ဒေါ်လာ ၃ ဘီလီယံ ရရှိနိုင်


ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင် သုံးစွဲခွင့်ပြုဖို့အတွက် လွှတ်တော်က အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့တဲ့အတွက် တောင်သူတွေ ဝမ်းသာနေကြပါတယ်။ 
ဆေးခြောက်စိုက်ပျိုးရောင်းချမှုကနေ တနှစ်ကို ကန် ဒေါ်လာ သန်းပေါင်း သုံးထောင်ကျော် ရရှိနိုင်မယ်လို့ အမျိုးသား တောင်သူလယ်သမား ကောင်စီ ဥက္ကဋ္ဌ ပရာပက် ကပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံခြားကုမ္ပဏီတွေက ဆေးခြောက်ကနေ ဆေးဝါးထုတ်လုပ်ခွင့်ကို မူပိုင်ရယူပြီး အမြတ်ထုတ်နိုင်ကြောင်း ဝေဖန်သူတွေလည်း ရှိပါတယ်။ 

အခု ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဆေးခြောက်ကို ပထမဆုံး တရားဝင် စိုက်ပျိုးရောင်းချတဲ့ နိုင်ငံဖြစ်လာပါလိမ့်မယ်။
  
Photo: Don MacKinnon / AFP
RFA

No comments:

Post a Comment