Monday, December 31, 2018

ဖိလစ်ပိုင်တွင် မုန်တိုင်းကြောင့် ရေကြီးမြေပြို၊ လူ ၂၀ ကျော်သေဆုံး


ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ မုန်တိုင်းကြောင့် မိုးကြီးပြီး ရေကြီးမြေပြိုဖြစ်ပွားလို့ သေဆုံးသူ ဦးရေ ၂၆ယောက် ရှိသွားပြီးဖြစ်ပါတယ်။ 
အဲ့မန်မုန်တိုင်းကြောင့် ရုတ်တရက် ရေကြီးမှုတွေနဲ့ မြေပြိုမှု ဖြစ်ခဲ့လို့ လူ ၅၀၀၀ လောက် ကိုလည်း ဘေးကင်းရာပြောင်းရွှေ့ပေးထားရတယ်လို့ အမျိုးသားကပ်ဘေးလျော့ပါးရေးနဲ့ စီမံရေး ဌာနက ပြောပါတယ်။ 

လူဇုံကျွန်းမကြီးပေါ်က ဒါအက်မြို့လမ်းတွေပေါ် ရေကြီးနေပြီး ရေလွှမ်းနေတဲ့ မြစ်နားမှာ အိမ်တချို့ပြိုကျပြီး ရေထဲမျောပါသွားပါတယ်။ 

မုန်တိုင်းကြောင့် ခရီးသည် အယောက် ၂၀၀၀၀ ကျော်ဟာ နိုင်ငံတ၀န်းက ဆိပ်ကမ်း အသီးသီးမှာ သောင်တင်နေတယ်လို့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းမှာ အင်အား ရစ်ခ်ျတာစကေး ၆.၉ ရှိတဲ့ အင်အားပြင်းငလျင်တခုလည်း ဒီဇင်ဘာ ၂၉ရက်က လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။ 

ဒါကြောင့် ဆူနာမီရေလှိုင်း အန္တရာယ်သတိပေးချက် ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ရပါတယ်။

DVB

No comments:

Post a Comment