Tuesday, December 25, 2018

စစ်ဖြစ်သည့်ဒေသများတွင် မူးယစ်ဆေးဝါး လွန်စွာပျံ့နှံ့နေဟု ဦးဖြိုးမင်းသိန်း ပြော



မြန်မာပြည်တွင်း စစ်ဖြစ်တဲ့ နေရာတွေမှာ မူးယစ်ဆေးဝါးတွေ လွန်စွာပျံ့နှံ့နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ 
ဒီဇင်ဘာ ၂၅ ရက်က လှည်းကူးမြို့နယ် ဇရပ်ကွင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ကျင်းပတဲ့ ခရစ္စမတ်ပွဲ နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားရင်း ပြောခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ပြီး စစ်ပွဲတွေ ဒီနေ့တိုင် မငြိမ်းသတ်နိုင် သေးပါဘူး။ စစ်ဖြစ်တဲ့ နေရာများမှာလည်း မူးယစ်ဆေးဝါးတွေဟာ လွန်စွာပျံ့နှံ့နေတယ်၊ စစ်ပွဲတွေဟာ နိုင်ငံကို ဆင်းရဲတွင်း ပိုနက်စေပြီး အနာဂတ်မျိုးဆက်တွေကို ယုံကြည်မှု၊ ရည်မှန်းချက်တွေ ပျောက်ဆုံးစေနိုင်တဲ့အတွက် စစ်ပွဲတွေ ငြိမ်းအောင် ကြိုးစားကြရမည် ဖြစ်ပါတယ်” 

ဒါ့အပြင် ဘာသာတရား အားလုံးမှာ ယုံကြည်မှုတွေရှိတယ်။ ဒီယုံကြည်မှုတွေ အားလုံးဟာ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ တယောက်နဲ့ တယောက်ကြားမှာ ယုံကြည်မှုတွေနဲ့ ကျနော်တို့ နိုင်ငံကြီး အေးချမ်းဖို့အတွက် ဝိုင်းပြီး ဆုတောင်းကြလို့လည်း တိုက်တွန်း ပြောပါတယ်။ 

လှည်းကူး ခရစ္စမတ်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီး ဒေါ်ခင်မိမိကြွယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ- YGN Government

DVB

0 comments:

Post a Comment