ပရီးမီးယားလိဂ်ရဲ့ ဘောက်ဆင်ဒေး ပွဲကြပ်တွေကို ဒီနေ့ည စတင်ကစားကြမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေထဲမှာ မန်ချက်စတာစီးတီးအသင်းက အဝေးကွင်းမှာ လက်စတာ၊ လီဗာပူးက အိမ်ကွင်းမှာ နယူးကာဆယ်၊ မန်ချက်စတာယူနိုက်တက်ကလည်း အိမ်ကွင်းမှာ ဟတ်ဒါစ်ဖီးလ်၊ အာဆင်နယ်က အဝေးကွင်းမှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာပါ။
စပါးအသင်းကတော့ အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ ကစားရမှာဖြစ်ပြီး ချဲလ်ဆီးကတော့ မနက်ဖြန်မနက်အစောပိုင်းမှာ ဝတ်ဖို့ဒ်နဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီည ဘောက်ဆင်ဒေးပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက ဘယ်အသင်းတွေ ခြေချော်လက်ချော်ဖြစ်ပြီး အမှတ်တွေ ဆုံးရှုံးရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။
ဒါ့အပြင် ရာသီဝက်ချန်ပီယံအဖြစ် လီဗာပူးနဲ့ မန်ချက်စတာစီးတီး ၂ သင်းထဲက ဘယ်အသင်းက ရာသီဝက်ချန်ပီယံ ဖြစ်မလဲ ဆိုတာကလည်း ဘောက်ဆင်ဒေး ပွဲကြပ်ရက်တွေရဲ့ ရလဒ်တွေအပေါ် မူတည်နေပါတယ်။
DVB

No comments:
Post a Comment