ဆိပ်ကမ်းမြို့နယ်အပိုင် စဥ့်အိုးတန်း ညဈေးတန်းတွင် ဒီဇင်ဘာလ ၂၈ ရက် ည ၈ နာရီက ရန်ပွဲဝင်ဖျန်ဖြေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓားထိုးခံရသူ အမျိုးသားမှာ ဒလမြို့နယ် စက်မြေရပ်ကွက်တွင် နေထိုင်ပြီး ညဈေးတန်းတွင် ဈေးရောင်းသူဖြစ်ကာ အခင်းဖြစ်ညက မယားညီအစ်ကိုတော်စပ်သူနှင့် စကားများရန်ဖြစ်သည့် ဈေးသည်အမျိုးသားတစ်ဦးအား ရန်ပွဲထပ်မဖြစ်ရန် ကြားဝင်ဖျန်ဖြေရာမှ ဓားထိုးခံရခြင်းဖြစ်သည်။
“ဒဏ်ရာက မစိုးရိမ်ရဘူး။ အဲဒါကြောင့် ပုဒ်မ ၃၂၄ နဲ့ပဲ အမှုဖွင့်ထားတာ။ တစ်ဖက်ကလည်း နာကျင်ဒဏ်ရာရလို့ အပြန်အလှန် အမှုဖွင့်ထားတယ်။ အမှုဖွင့်ခံရသူတွေကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်”ဟု ဆိပ်ကမ်းမြို့နယ်ရဲမှူးက ပြောသည်။
ဓားထိုးမှုဖြင့် အမှုဖွင့်အရေးယူခံရသူ အသက် ၂၃ နှစ် အမျိုးသားမှာ ဒလမြို့နယ်တွင် နေထိုင်ပြီး ညဈေးတန်းတွင် ဈေးရောင်းနေသူဖြစ်ကာ အခင်းဖြစ်ညက အသက် ၂၇ နှစ်အရွယ် အမျိုးသားနှင့် စကားများရန်ဖြစ်ပြီး ဈေးဆိုင်ပြန် ဓားယူလာစဉ် ရန်ပွဲအားဝင်ရောက်ဖျန်ဖြေသူ အမျိုးသားကို ဓားဖြင့်ထိုးခဲ့သောကြောင့် ဆိပ်ကမ်းမြို့မရဲစခန်းက(ပ) ၂၅၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice
No comments:
Post a Comment