Sunday, December 30, 2018

ကျိုင်းတုံတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကျော်ဖမ်းမိ


ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ကြန်ဆတ်ရွာဘုန်းကြီးကျောင်းအနီးတွင် ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးထံမှ ကျပ် ၁၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကျော် ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇင်မင်းလတ်က ပြောသည်။ 
“ခရိုင်မှုခင်နှိမ်နင်းရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေချိန်မှာ ကျိုင်းဖောင်းချောင်းဘက်ကနေ ကြန်ဆတ်ရွာဘက်ကို ဆိုင်ကယ်စီးလာတဲ့ အဲဒီအမျိုးသား အနွေးအင်္ကျီထဲက ဖမ်းဆီးရမိခဲ့တာပါ”ဟု ၎င်းက ဆိုသည်။ 

အဆိုပါဖြစ်စဉ်တွင် စိုင်းချစ်ထွေး (၄၆ နှစ်) ထံမှ ကျပ် ၁၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၉ ပြား ဖမ်းဆီးရမိခဲ့၍ ၎င်းကို မယ (ပ)၂၈၃/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉ (က) ဖြင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

The Voice

No comments:

Post a Comment