နစ်ဆန်းမော်တော်ရဲ့ ဒါရိုက်တာဟောင်း ဂရက်ခ်ျ ကယ်လီဟာ ဒီဇင်ဘာ ၂၅ ရက်က ထိန်းသိမ်းခံထားရာကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ဘဏ္ဍာရေးအလွဲသုံးစားမှု စွဲချက်နဲ့ အချိန်တလကျော်ကြာ ထိန်းသိမ်းအပြီး သူ့ကို ပြန်လွှတ်ပေးလိုက်တာပါ။
ဂရက်ခ်ျကယ်လီကို ထိန်းသိမ်းထားဖို့ အစိုးရရှေ့နေတွေရဲ့ တောင်းဆိုမှုကို တိုကျိုတရားရုံးက ပယ်ချလိုက်ပါတယ်။
ကယ်လီဟာ တိုကျိုအချုပ်ခန်းကနေ သူ့ရှေ့နေ ယိုအိချိ ခိတာမူရနဲ့အတူ ည ၁၁ နာရီလောက်မှာ တက္ကစီနဲ့ ထွက်သွားတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။
ကယ်လီကို ပြန်လွှတ်ပေးတဲ့အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ရှေ့နေများရုံးက အဖြေမပေးခဲ့ပါဘူး။
ကယ်လီကိုလွှတ်ပေးဖို့ ခရိုင်တရားရုံးက မနေ့ညနေ အစောပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။
နစ်ဆန်း ကားလုပ်ငန်းက ထုတ်ပယ်ခံ ဥက္ကဋ္ဌ ကားလို့စ်ဂွန်းကိုတော့ ဆက်ပြီး ချုပ်နှောင်ထားပါတယ်။
ကယ်လီဟာ အာမခံအနေနဲ့ အမေရိကန်ဒေါ်လာ ၆ သိန်း ၄ သောင်းကို ငွေသားနဲ့ ပေးသွင်းခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။
DVB







0 comments:
Post a Comment