ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဆိပ်သာကျေးရွာ သင်္ချိုင်းကုန်းအနီး လယ်ကွင်းထဲ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ကြက်ဝိုင်းသွားရောက်ဖမ်းဆီးရာမှ လူတွေက ထွက်ပြေးသွားလို့ ဆိုင်ကယ် ၃၆ စီးသာ သိမ်းဆည်းရမိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက ပြောပါတယ်။
“သတင်းအရ စခန်းမှူး ဦးကျော်ခိုင်စိုး ဦးဆောင်ပြီး သွားဖမ်းတဲ့အချိန် ၁၉၉ ကလည်း သတင်းချပြတဲ့အတွက် သွားဖမ်းတော့ ချောင်းကူးချိန်မှာ သူတို့ဘက်က ကျနော်တို့ကို အရင်တွေ့ပြီး ထွက်ပြေးကုန်တော့ လူတွေကိုတော့ မမိဘူး၊ ဆိုင်ကယ်အမျိုးအစားစုံ ၃၆ စီး၊ သိမ်းဆည်းရခဲ့တယ်” လို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်သူစိုးက ပြောပါတယ်။
သိမ်းဆည်းရမိသော သက်သေခံဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်း ရှိ/မရှိကို ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို ပေးပို့ထားပြီး သက်သေခံဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေ စီမံခန့်ခွဲတာနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ တိုင်း/ခရိုင် အဆင့်ဆင့်တင်ပြထားတယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။
DVB

No comments:
Post a Comment